• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်စခန်းတချို့မှာ ဆန်နှင့် ရိက္ခာများ ပေးအပ်လှူဒါန်း

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်စခန်းတချို့မှာ ဆန်နှင့် ရိက္ခာများ ပေးအပ်လှူဒါန်း

0
By Editor on August 24, 2023 Khonumthung

(05MK)

မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်းတချို့မှာ ဆန်နှင့် ရိက္ခာများကို Network for Unity Association Mizoram (NUA) အဖွဲ့က အရေးပေါ် ကူညီထောက်ပံ့ပေးအပ်ခဲ့ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်၊ မာမစ် နှင့် ကော်လစစ်ခရိုင် ၃ ခုတွင်နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်စခန်း ၆ ခုတွင် ဩဂုတ်လ ၂၁ ရက်နေ့က ဆန်၊ ဆီ နှင့် ခေါက်ဆွဲခြောက်ထုတ်များကို NUA အဖွဲ့က သွားရောက်ထောက်ပံ့ခဲ့ကြခြင်းဖြစ်သည်။

မြန်မာစစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှုပေးနိုင်ရန် အမေရိကန်ပြည်ထောင်စုအခြေစိုက် Project Chin Hill မှ ရူပီး တစ်သိန်း၊ အိုင်ဇောလ်မြို့တွင်နေထိုင်သော Pu Tanpuia က စားသုံးဆီ (အဖာ ၃၀) နှင့် Pu Tluanga က ခေါက်ဆွဲခြောက် (၃၅၀) ထုတ်တို့ ပေးအပ်လှူဒါန်းခဲ့ကြသည်ဟု NUA က ထုတ်ပြန်သည်။

ယခုကဲ့သို့ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ နိုင်ရန် ကူညီဆောင်ရွက်ပေးသော ချင်းအဆိုတော် Rebecca Fanai အပေါ်မှာလည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်နေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများသည် အချိန်ကြာလာသည်နှင့်အမျှ ကူညီထောက်ပံ့သူ နည်းသထက်နည်းပါးလာပြီး ယခုလက်ရှိမှာလည်း အရေးပေါ်ကူညီထောက်ပံ့မှုလိုအပ်သော စစ်ဘေး ရှောင်စခန်း အများအပြားရှိနေသေးကြောင်း NUA က ဆိုသည်။

ထို့ကြောင့် ပြည်တွင်း/ပြည်ပအလှူရှင်များနှင့် ချင်းပြည်သူများအနေဖြင့် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ရေးတွင် ဆက်လက်အားစိုက်ပေးကြရန်လည်း NUA က တောင်းဆိုထားသည်။

Network for Unity Association Mizoram (NUA) အဖွဲ့သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ကူညီရေး အသင်းအဖွဲ့များ၊ တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ စုပေါင်းဖွဲ့စည်းထားသည့်အဖွဲ့အစည်းဖြစ်သည်။

https://www.facebook.com/nuaofficialazl
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.