Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်ရှိ၊ ဇီ၀အချက်အလက်မှတ်တမ်း ကောက်ခံခြင်းမရှိ

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်ရှိ၊ ဇီ၀အချက်အလက်မှတ်တမ်း ကောက်ခံခြင်းမရှိ

0
By Editor on March 4, 2024 Headline

(005MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေး‌ခိုလုံနေကြသော မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၃၂၀၀၀ ကျော်ရှိသည်ဟု မီဇိုရမ်ပြည်ထဲရေး၀◌န်ကြီးကပြောသည်။

ယခုလက်ရှိကျင်းပနေသော မီဇိုရမ်ပြည်နယ် ၉ ကြိမ်မြောက်လွှတ်တော်အစည်းအ‌ေ၀းတွင် စစ်ဘေးရှောင်အရေးနှင့် ပတ်သက်၍ မေးမြန်းမှုကို ပြည်ထဲရေး၀န်ကြီး Pu K. Sapdanga က စာဖြင့်ပြန်လည်ဖြေကြားရာတွင် မီဇိုရမ်ပြည်နယ်တွင် ယခုလက်ရှိ စစ်ဘေးရှောင်ဦးရေ ၄၂၅၇၆ ဦးရှိပြီး ယင်းအနက် မြန်မာနိုင်ငံကစစ်ဘေးရှောင် ၃၂၁၆၁ ဦးရှိသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ဖေဖော်၀ါရီလ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်အနောက်ပိုင်းကစ၍ ယခုနှစ် ဖေဖော်၀◌ါရီလ ၃ ရက်နေ့အထိစာရင်းအရ မြန်မာစစ်ဘေးရှောင်မှာ ၃၂၁၆၁ ဦးရှိသည်ဟုဆိုသည်။

မဏိပူရ်ပြည်နယ်အတွင်း ဖြစ်ပွားသည့် လူမျိုးရေးအဓိကရုဏ်းကြောင့် ကူကီး (ဇိုး) မျိုးနွယ်စုများ မီဇိုရမ်ပြည်နယ်ထဲ စစ်ဘေးခိုလုံသူမှာ ၉၂၄၉ ဦး ရှိပြီး ဘဂ်လားဒေရှ့်နိုင်ငံအတွင်း စစ်ရေးပဋိပက္ခကြောင့် စစ်တကောင်းတောင်တန်းဒေသမှ ထွက်ပြေးခိုလုံလာသူ ဇိုး (ချင်း) မျိုးနွယ်စု ၁၁၆၇ ဦးရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံနှင့် မဏိပူရ်ပြည်နယ်တို့မှ ထွက်ပြေးလာကြသော စစ်ဘေးရှောင်များသည် မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီးတွင် နေထိုင်လျှက်ရှိကြပြီး စစ်တကောင်းတောင်တန်းဒေသထွက်ပြေးလာသူများသည် လောင်တလိုင်ခရိုင်ထဲ နေထိုင်ကြသည်ဟု သိရသည်။

မီဇိုရမ်အစိုးရအနေဖြင့် စစ်ဘေးရှောင်များအား ဇီ၀အချက်အလက်မှတ်တမ်းကောက်ယူခြင်းမရှိသော်လည်း ခရိုင်အသီး သီးရှိအစိုးရတာ၀◌န်ရှိသူများက ၎င်းတို့ဒေသတွင်ရောက်ရှိလာကြသော စစ်ဘေးရှောင်များ၏ စာရင်းများကောက်ယူကာ ပြည်ထဲရေး၀န်ကြီးထံ တင်ပြလေ့ရှိသည်ဟု Pu Sapdanga ကပြောသည်။

မြန်မာစစ်ဘေးရှောင်များအတွက် အိန္ဒိယဗဟိုအစိုးရက ရူပီးငွေ သိန်း ၃၀၀ ထောက်ပံ့ပေးခဲ့ပြီးဖြစ်သော်လည်း မဏိပူရ် ပြည်နယ်မှ စစ်ဘေးရှောင်လာသူများအတွက်မူ ယနေ့ချိန်ထိ ဗဟိုအစိုးရထံမှ ကူညီထောက်ပံ့ငွေတစုံတရာမရရှိသေး ကြောင်း မီဇိုရမ်ပြည်ထဲရေး၀န်ကြီးကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.