Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးကြသော စစ်ကောင်စီတပ်သား ၂၇၀ ကျော်ကို အိုင်ဇောလ်မြို့သို့ ပိုဆောင်၊ မနက်ဖြန်တွင် မြန်မာကိုပြန်ပို့မည်ဟုဆို
ဓာတ်ပုံ - ကိုညို (ပုံစာ - ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိုင်ဇောလ်မြို့ Lengpui လေဆိပ်တွင် စစ်ကောင်စီတပ်သား ၁၀၄ ဦးကို လာရောက်ခေါ်ထုတ်စဉ်)

မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးကြသော စစ်ကောင်စီတပ်သား ၂၇၀ ကျော်ကို အိုင်ဇောလ်မြို့သို့ ပိုဆောင်၊ မနက်ဖြန်တွင် မြန်မာကိုပြန်ပို့မည်ဟုဆို

0
By Editor on January 21, 2024 Headline

(005MK)

ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့်ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ရှုံး၍ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲ ထွက်ပြေးကြသော စစ်ကောင်စီတပ်သား ၂၇၀ ကျော်ကို ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့သို့ စနေနေ့က ပို့ဆောင်လိုက်ပြီးနောက် မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ပြန်ပို့မည်ဟုသိရသည်။

အိန္ဒိယ ပြည်ထဲရေး၀န်ကြီးဌာန တာ၀န်ရှိသူများကို ကိုးကားပြီး All India Radio News ၏ ဖော်ပြချက်အရက် မီဇီုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Bandukbanga ကျေးရွာထဲကို ဇန်န၀◌ါရီလ ၁၇ ရက်နေ့က ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်န၀◌ါရီလ ၂၀ ရက် စနေနေ့က အိုင်ဇောလ်မြို့ အာသံရိုင်ဖယ်ဌာနချုပ် Zokhawsang သို့ ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။

၎င်းတို့ထဲတွင် အရာရှိ ၃၆ ဦးပါ၀င်ကာ ၂၄၀ မှာ ရိုးရိုးတပ်သားများဖြစ်ကြပြီး ၁၁ ယောက်မှာ ဒဏ်ရာရရှိကြသည်ဟု All India Radio News က ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သားများကို ယခုလ ဇန်န၀◌ါရီ ၂ ရက်နှင့် ၉ ရက်နေ့ကကဲ့သို့ မနက်ဖြန် ဇန်န၀◌ါရီ ၂၂ ရက် နေ့တွင် အိုင်ဇောလ်မြို့ Lengpui လေဆိပ်မှ တဆင့် ရခိုင်ပြည်နယ် စစ်တွေ့မြို့သို့ စစ်ကောင်စီတပ် လေကြောင်းလိုင်းက လာရောက်ခေါ်ထုတ်သွားမည်ဟု သိရသည်။

ချင်းပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်ခြေကုပ်ယူထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ယခင်ကလည်း တိုက်ပွဲအတွင်း စစ်ရှုံး၍ မီဇိုရမ်ပြည်နယ်ထဲကို မကြာခဏထွက်ပြေးခဲ့ကြသည်။

၂၀၂၃ ခုနှစ် နို၀င်ဘာလတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို မီဇိုရမ်ပြည်နယ်မှ မဏိပူရ်ပြည်နယ် မိုးရေးမြို့သို့ ပို့ဆောင်ကာ ထိုမှတဆင့် မြန်မာကိုပြန်ပို့ခဲ့ကြပြီးဖြစ်သည်။

ထို့နောက် ယခုနှစ် ဇန်န၀◌ါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၁၅၁ ဦးကိုလည်းကောင်း၊ ဇန်န၀◌ါရီလ ၉ ရက် နေ့က စစ်ကောင်စီတပ်သား ၁၀၄ ဦးကိုလည်ကောင်း အိုင်ဇောလ်မြို့ Lengpui လေဆိပ်တွင် စစ်ကောင်စီတပ် လေကြောင်းက လာရောက်ခေါ်ထုတ်ခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.