• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအား ကိုဗစ်ကာကွယ်ဆေးထိုးပေး

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအား ကိုဗစ်ကာကွယ်ဆေးထိုးပေး

0
By Editor on August 19, 2021 Khonumthung

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်များကို မီဇိုရမ်အစိုးရ၏ စီစဉ်မှုဖြင့် ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇောလ် Mualpui ရပ်ကွက် R. Dengthuama ခန်းမတွင် နေထိုင်ကြသော လွတ်တော်ကိုယ်စားလှယ်များနှင့် Sihphir ကျေးရွာ Synod Revival Camping Centre တွင် နေထိုင်ကြသော CDM စစ်ဘေးရှောင်များကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးလျက်ရှိကြောင်း NGO United for Democratic Myanmar အဖွဲ့ ဥက္ကဌ ပူးလောမ်မာက ယခုလိုပြောပါသည်။

“ကိုဗစ်ကာကွယ်ဆေးကိုရနိုင်အောင် ကျနော်တို့အဖွဲ့အနေဖြင့် ဟိုးလွန်ခဲ့တဲ့ မတ်လလောက်ကတည်းက မီဇိုရမ်အစိုးရကို တောင်းခဲ့တယ်။ ကျနော်တို့တောင်းဆိုမှုကို အလေးအနက်ထားပြီး မီဇိုရမ်အစိုးရအနေဖြင့် အခုလို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးတဲ့အပေါ် အရမ်းကျေးဇူးတင်ပါတယ်”

ဆက်လက်၍ ပူးလောမ်မာက “ဒီကနေ့မှာ နှစ်နေရာမှာ ထိုးပေးမှာဖြစ်တယ်။ Mualpui ရပ်ကွက် R.Dengthuama ခန်းမမှာရှိကြတဲ့ လွတ်တော်ကိုယ်စာလှယ်များနှင့် သူတို့မိသားစုရယ်၊ Sihphir ကျေးရွာ Synod Revival Camping Centre မှာနေထိုင်ကြတဲ့ ၁၈ နှစ်အထက် စစ်ဘေးရှောင်များကို တစ်ရက်တည်းမှာ ထိုးပေးသွားတာဖြစ်တယ်” လို့ ဆက်ပြောပါသည်။

၎င်းအပြင် မီဇိုရမ်ပြည်နယ်အတွင်း နိုင်ငံသားမှတ်ပုံတင်၊ Aadhaar card မရှိသည့် မြန်မာနိုင်ငံသားများအပါအဝင် အခြားသော လူမျိုးများအတွက်ကိုလည်း မီဇိုရမ်အစိုးရအစီအစဉ်ဖြင့် သက်ဆိုင်ရာရပ်ကွက်အလိုက် ကိုဗစ်ကာကွယ်ဆေးများ ထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မီဇိုရမ်အစိုးရအစီအစဉ်ဖြင့် ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ် ကျန်ဖိုင်းခရိုင်အတွင်း ထွက်ပြေးခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်များကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူ့ရင်ခွင်ခိုလှုံမည့်သူများအတွက် အထူးခြွင်းချက်ကာလအဖြစ် မူဝါဒချမှတ်ဖော်ဆောင်နေကြောင်း NUG၊ CNF နှင့် တော်လှန်ရေးအင်အားစုများ ပူးတွဲကြေညာ

စကစ လက်နက်ကြီးကြောင့် ဖလမ်းမြို့နယ်က အသက် ၁၀၀ ကျော်အရွယ် အဖွားအိုတစ်ဦး သေဆုံး

ကလေးမြို့မြောက်ပိုင်း၊ ဒိုးဝိုင်းချောင်းရွာဖက်တွင် စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်နေသောကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.