• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ရောက် လွှတ်တော်အများစုနဲ့မိသားစုဝင် ၃၄ ဦး ကိုဗစ်ကူးစက်ခံရ

မီဇိုရမ်ရောက် လွှတ်တော်အများစုနဲ့မိသားစုဝင် ၃၄ ဦး ကိုဗစ်ကူးစက်ခံရ

0
By Editor on October 13, 2021 Khonumthung

မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံမှ လွှတ်တော်အမတ်များနှင့် သူတို့၏ မိသားစုဝင်များနေထိုင်သော R.Dengthuama Indoor Stadium ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄ ဦးရှိကြောင်း သိရသည်။

R.Dengthuama ခန်းမတွင် မြန်မာနိုင်ငံ လွှတ်တော်အမတ်များနှင့် သူတို့၏မိသားစုဝင်များ ၅၄ ဦးရှိသည့်အနက် ၃၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့ NGO United for Democratic Myanmar အဖွဲ့ ဥက္ကဌ ပူးလောမ်မာက ယခုလိုပြောသည်။

“အောက်တိုဘာ ၁၂ ရက်နေ့ မနက်က R.Dengthuama ခန်းမမှာရှိတဲ့ ကလေးသူငယ်တစ်ဦးကို ရောဂါပိုးစတွေ့ တယ်။ ဒါနဲ့ ရပ်ကွက်လူကြီးတွေနဲ့တိုင်ပင်ပြီး အဲဒီညနေပိုင်းမှာဘဲ အားလုံးကို ကိုဗစ်စစ်ဆေးခဲ့တယ်။ ၃၃ ဦး ထပ်တွေ့တယ်။” လို့ ပြောသည်။

R.Dengthuama ခန်းမသည် မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော လွှတ်တော်အမတ်များနှင့် မိသားစုဝင်များ နေထိုင်ဖို့အတွက် အစိုးရမှ စီစဉ်ထားသောနေရာဖြစ်ပြီး လက်ရှိတွင် လွှတ်တော်အမတ် ၁၉ ဦးရှိပြီး စိုးရိမ်ရသည့်အနေအထားမှာမရှိကြောင်း ပူးလောမ်မာက ယခုလို ဆက်ပြောပါသည်။

“အမတ် ၁၉ ဦးရှိတယ်။ ရောဂါကူးစက်ခံရသူ အမတ်ဘယ်လောက်ရှိသလဲဆိုတာတော့ တိတိကျကျမသိရသေးဘူး။ အများစုတော့ ရောဂါကူးစက်ခံရတယ်လို့တော့ သိရတယ်။ နာဆီး၊ ချောင်းဆိုး၊ ဖျားနာတာတွေတော့ ဖြစ်ကြတယ်။ အရမ်းကြီး စိုးရိမ်ရတာတော့မဟုတ်ဘူး။” လို့ ပြောသည်။

NGO United for Democratic Myanmar အဖွဲ့မှ ရပ်ကွက်လူကြီးများနှင့် တာဝန်ရှိလူကြီးများတိုင်ပင်ပြီးနောက် လိုအပ်သည့် ဆေးဝါးများ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ပြီး အိုက်ဇောလ်မြို့ Sihphir ရပ်ကွက် Synod Revival Camping Centre တွင် နေထိုင်ကြသည့် စစ်ဘေးရှောင် CDM ဝန်ထမ်းမိသားစု (၅၆) ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်စစ်ဘေးရှောင်များကူညီရေးအတွက် မီဇိုရမ်ဝန်ကြီးချုပ်ထံ ရူပီး ၃ သိန်းလှူဒါန်း

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.