• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ဝန်ကြီး Pu Robert Romawia က Oxygen Concentrators ၄ လုံးကို ချင်း (ဇိုး) မျိုးနွယ်စုများအတွက် လှူဒါန်း

မီဇိုရမ်ဝန်ကြီး Pu Robert Romawia က Oxygen Concentrators ၄ လုံးကို ချင်း (ဇိုး) မျိုးနွယ်စုများအတွက် လှူဒါန်း

0
By Editor on July 19, 2021 Khonumthung

ချင်း (ဇိုး) မျိုးနွယ်စုများ ပေါင်းစည်းရေးအတွက် တတ်အားသရွေ့ကြိုးပမ်းသူ မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia Royte က မြန်မာနိုင်ငံရှိ ချင်း (ဇိုး) မျိုးနွယ်စုများအတွက် အ​ရေးတကြီးလိုအပ်နေသော Oxygen Concentrators (၄) လုံး လှူဒါန်းခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia က အဆိုပါ Oxygen Concentrators (၄) လုံးကို Zofa Global Network (ZGN) အဖွဲ့မှတဆင့် မြန်မာနိုင်ငံရှိ ချင်း (ဇိုး) မျိုးနွယ်စုများထံ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia Royte တို့ မိသားစုတို့မှ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ် ၃၀၊ အာလူး အိတ် ၃၀၊ သကြား အိတ် ၁၀၊ ဒိုင်းလွပဲ အိတ် ၂၀ နှင့် ကြက်သွန်နီ ၅ အိတ် ကိုလည်း လှူဒါန်းခဲ့သည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအနည်းငယ်ကဘဲ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga နှင့် ပြည်နယ်လွတ်တော်အမတ် Pu Ramthanmawia တို့နှစ်ဦးတို့က စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွက် အောက်စီဂျင်ဗူး ၁၁၉ လုံး လှူဒါန်းခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်စစ်ဘေးရှောင်များကူညီရေးအတွက် မီဇိုရမ်ဝန်ကြီးချုပ်ထံ ရူပီး ၃ သိန်းလှူဒါန်း

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.