• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ် အားကစားဝန်ကြီးမိသားစုမှ ကျန်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့

မီဇိုရမ် အားကစားဝန်ကြီးမိသားစုမှ ကျန်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့

0
By Editor on June 22, 2021 Headline

ချင်းပြည်နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများ​ကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် မီဇိုရမ်ပြည်နယ် အားကစားဝန်ကြီး Pu Robert Romawia Royte မိသားစုက လိုအပ်သောစားနပ်ရိက္ခာများကို ဇွန်လ ၂၁ ရက်နေ့က ကူညီထောက်ပံ့ခဲ့သည်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် Pu Robert Romawia Royte မိသားစုမှ ​ထောက်ပံ့​သော ဆန်အိတ် ၃၀၊ အာလူး အိတ် ၃၀၊ သကြား အိတ် ၁၀၊ ပဲ အိတ် ၂၀ နှင့် ကြက်သွန်နီ ၅ အိတ် ကို ဇွန်လ ၂၁ ရက်နေ့မနက်က အိုက်ဇောလ်မြို့ကနေ ကုန်တင်ကားဖြင့် ကျန်းဖိုင်းခရိုင်ဘက်ကို ထွက်ခွာခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအနည်းငယ်က Mizo Students’ Union (MSU) နှင့် Myanmar Refugee Relief Committee (MRRC) အဖွဲ့တို့ ပူးပေါင်းပြီး အိန္ဒိယ-မြန်မာနယ်စပ်ဒေသတလျောက်တွင် ရောက်ရှိနေထိုင်ကြသော စစ်ဘေးရှောင်များထံ သွားရောက်ပြီး ကူညီထောက်ပံ့ခဲ့ကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် မီဇိုရမ်ပြည်နယ်တွင်တိမ်းရှောင်လာကြသူ စစ်ဘေးရှောင် ရာနဲ့ချီ ယခုရက်ပိုင်းအတွင်း ရှိနေပြီဖြစ်ကြောင်းသိရပြီး မီဇိုရမ်ပြည်နယ်အတွင်း ဝင်လို့မရဘဲ နယ်စပ်ဒေသတွင် သောင်တင်နေကြသောသူများစွာလည်းရှိနေကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က ပြည်သူ့အစိုးရထံ အာဏာသိမ်းယူခဲ့ပြီးနောက် ယခုလက်ရှိအခြေအနေအထိ မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေပြီဖြစ်သည်။ RC

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.