(005MK)
မြန်မာနိုင်ငံမှ တရားမ၀င်သယ်ဆောင်လာသော အရက်၊ ဘီယာနှင့် စီးကရက်များကို မီဇိုရမ်ပြည်နယ်တွင် ဒေသတွင်း အာဏာပိုင်များက ဖမ်းဆီးရမိသည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် အောက်တိုဘာလ ၇ ရက်နေ့က အာသံရိုင်ဖယ်တပ်နှင့် အကောက်ခွန်ဌာနပူးပေါင်း၍ အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ်ဘက်သို့သယ်လာသော အရက်၊ ဘီယာ နှင့် စီးကရက်များကို ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်။
အာသံရိုင်ဖယ်နှင့် အကောက်ခွန်ဌာနပူးပေါင်းတပ်ဖွဲ့သည် သတင်းရရှိထားချက်အရ Zokhawthar နှင့် Melbuk ကျေးရွာ ကြားတွင် စစ်ဆေးရှာဖွေမှုပြုလုပ်ရာမှာ ရူပီးငွေ ၂၆ သိန်းကျော်တန်ဖိုးရှိသော စီးကရက် ၁၇ ဖာ၊ ဘီယာ ၈၈ ဖာ၊ ၀◌ိုင် ၁၆ ဖာနှင့် ၀◌ီစကီအရက်တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ယခုရက်ပိုင်း မြန်မာနိုင်ငံမှတဆင့် သယ်လာသော ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးမှုလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။