မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ ရူပီးသိန်း ၉၀၀ ကျော်ခန့် တန်ဖိုးရှိသော စိတ်ကြွဆေးပြား Methamphetamine အလုံး ၄ သောင်းနီးပါးကို ယမန်နေ့က မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
မီဇိုရမ်ရဲတပ်ဖွဲ့အနေနှင့် သတင်းပေးချက်အရ အိုင်ဇောလ်မြို့ Armed veng ရပ်ကွက်အတွင်းရှိ လဘ္လရည်ဆိုင်အတွက် ငှါးရမ်းထားသောဆိုင်ထဲကို ရှာဖွေရာမှာ ပလပ်စတစ်အိတ်ဖြင့်ထုတ်ထားသော စိတ်ကြွဆေးပြားအထုတ်ပေါင်း ၃၈ ထုတ် (တစ်ထုတ်တွင်အလုံးတစ်သောင်းပါရှိသည်) ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ယင်းမူးယစ်ဆေးဝါးနှင့်အတူ မြန်မာနိုင်ငံသား အသက် ၅၂ နှစ်အရွယ် Laldika ကိုဖမ်းဆီးပြီး ပစ္စည်းထားရှိသည့် လဘ္လရည်ဆိုင်ပိုင်ရှင် ဒသေခံအမျိူးသား Laldinsanga ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာပေါက်ဈေးအရေ အဆိုပါဆေးပြားများသည် အိန္ဒိယ ရူပီးငွေ သိန်း ၉၅၀ ခန့်တန်ဖိုးရှိသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ဖော်ပြထားသည်။