• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာနိုင်ငံသားများနှင့်အတူ ထပ်တူခံစားရပြီး တတ်နိုင်သည့်ဘက်မှ ကူညီပေးသွားမည်ဟု CYMA ဥက္ကဌပြော

မြန်မာနိုင်ငံသားများနှင့်အတူ ထပ်တူခံစားရပြီး တတ်နိုင်သည့်ဘက်မှ ကူညီပေးသွားမည်ဟု CYMA ဥက္ကဌပြော

0
By Editor on March 9, 2022 Khonumthung

စစ်ရေး နိုင်ငံရေးအခြေအနေကြောင့် ဒုက္ခအဝဝခံစားနေကြရသည့် မြန်မာနိုင်ငံသားများနှင့်အတူ ထပ်တူခံစားရပြီး စစ်ဘေးရှောင်းများအနေဖြင့် မိမိတို့၏အခက်အခဲများကို အားမနာတမ်းတင်ပြကြရန်နှင့် တတ်နိုင်သည့်အပိုင်းမှာ ကူညီဆောင်ရွက်ပေးရန် အသင့်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် Central Young Mizo Association (CYMA) ဥက္ကဌ Pu R.Lalngheta ပြောသည်။

“မီဇိုးပြည်သူလူထုအနေနဲ့ ခင်ဗျားတို့ ခံစားနေရသလို ထပ်ထူခံစားနေကြပါတယ်။ မိမိပိုင်ဆိုင်ထားတဲ့ အိုးအိမ်တွေကို စွန့်ခွာပြီးတော့ မီဇိုရမ်မှာ ခက်ခက်ခဲခဲလာနေရတဲ့အခြေအနေထိ ဖြစ်လာတဲ့အပေါ်မှာလည်း တကယ်ဘဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ခင်များတို့အခက်အခဲကို ကျနော်တို့ နာလည်းတယ်။ အခက်အခဲရှိရင် အားမနာဘဲ ပြောကြပါ။ Central YMA အနေနဲ့ လုပ်ပေးနိုင်တဲ့အပိုင်းမှာတော့ နောက်ဆုတ်ထွက်ပြေးမှာမဟုတ်ပါဘူး” ဟု CYMA ဥက္ကဌက ပြောသည်။

မီဇိုရမ်ပြည်နယ်ရှိ Hangzo Natural Park နှင့် Zo Friendship International တို့ပူးပေါင်းပြီး မီဇိုရမ်ပြည်နယ်သို့ ထွက် ပြေးခိုလုံလာကြသည့် စစ်ဘေးရှောင်များအား နှစ်သိမ့်အားပေးသည့် (Raltlan Thlahual) အခမ်းအနားကို မတ်လ ၇ ရက်နေ့က Hangzo Natural Park တွင် ကျင်းပခဲ့ကြပြီး ယင်းအခမ်းအနားတွင် ဧည့်သည်တော်ကြီးအဖြစ်တက်ရောက်လာသည့် CYMA ဥက္ကဌက ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

Central YMA အနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များခိုလုံနေထိုင်ကြသည့် ဒေသအားလုံးသို့ သွားရောက်ရန် စီစဉ်ကာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်အကောင်အထည်မဖော်နိုင်သေးသော်လည်း အိုင်ဇောလ်မြို့နှင့်အနီးတ ဝိုက်တွင်နေထိုင်ကြသည့် စစ်ဘေးရှောင်စခန်းများကိုမူ မတ်လ ၁၁ နှင့် ၁၂ ရက်နေ့တွင် သွားရောက်ကြည့်ရှုကြမည်ဟု ၎င်းကပြောသည်။

မီဇိုးလူငယ်အသင်း (CYMA) သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများအနက် အင်အားအကြီးဆုံးသော လူမှုအဖွဲ့အစည်းဖြစ်သည်။

ယမန်နေ့က ပြုလုပ်သည့် အဆိုပါအခမ်းအနားတွင် ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှာမီးကလည်း စစ်ဘေးရှောင်များအား ကူညီကြည့်ရှုကြသော မီဇိုရမ်ပြည်သူလူထုအပေါ်အထူးကျေးဇူးတင်ကြောင်း၊ ပထဝီအနေထားသတ်မှတ်ချက်အရ တနိုင်ငံနှင့်တနိုင်ငံအကြား နယ်နိမိတ်ရှိသော်လည်း သွေးချင်းညီအကိုတွင် နယ်နိမိတ်မရှိကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်ဟု ပြောဆိုသည်။

“မီဇိုရမ်ကိုထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို လှိုက်လှိုက်လှဲလှဲကြိုဆိုလက်ခံပေးတဲ့ မီဇိုးပြည်သူများ၊ မီဇိုရမ်အစိုးရနှင့်ဝန်ထမ်းများ၊ စစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး အိန္ဒိယပြည်မဗဟိုအစိုးရထံ တင်ပြတောင်းဆို ပေးတဲ့ MP, MLA များနှင့် NGO အသီးသီးအပေါ်မှာ မြန်မာတနိုင်ငံလုံးကိုယ်စား အထူးကျေးဇူးတင်ကြောင်း ပြောလိုတယ်၊ နိုင်ငံ အရ နယ်နမိတ်ဆိုတာရှိနေပေမယ့် သွေးချင်းညီအကိုဖြစ်ခြင်းမှာ နယ်နိမိတ်ဆိုတာမရှိဘူး၊ မြန်မာနိုင်ငံတည်ရှိနေသရွေ့ မြန်မာနိုင်ငံသားများအပေါ်ပြုတဲ့မီဇိုးရမ်ပြည်သူများရဲ့ ဂရုဏာမေတ္တာတရားကို ဘယ်တောမှ မေ့မှာ မဟုတ်ဘူး။” ဟု ဒေါ်ရှားမီးက ပြောဆိုခဲ့သည်။

မီဇိုရမ်ပြည်နယ်ရှိ Mizoram Rural Bank (MRB) Chairman Shri.Jaya Chandra လည်း ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး စစ်ဘေးရှောင်များအတွက် ရူပီး ၁၀ သိန်း ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

အဆိုပါအခမ်းအနားတွင် မီဇိုရမ်ပြည်နယ်သို့ ခိုလုံနေကြသည့် ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ် အပါအဝင် လွတ်တော်ကိုယ်စာလှယ် ၂၁ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်အတွင်း နာမည်ကြီး အဆိုတော် Benjamin Sum, Iang Hlei Sung, Biak Hlei Par , Vanlalsailova, Zomuanpuii, Joseph Fanai, PC Lalnunpuii, Rebecca Zorintluangi, Mathlenga, LRa, Lalthazuala တို့က ဖျော်ဖြေခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တာဟန်းရပ်ကွက်တွင် နေအိမ်တလုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၊ အိမ်ရှင်အမျိုးသားဒဏ်ရာရ

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.