Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရန်ကုန်မြို့တွင်ကျင်းပသည့် ချင်းအမျိုးသားနေ့မုဒ်ဦးကို ပြန်လည်ပြင်ဆင်

ရန်ကုန်မြို့တွင်ကျင်းပသည့် ချင်းအမျိုးသားနေ့မုဒ်ဦးကို ပြန်လည်ပြင်ဆင်

0
By Editor on February 19, 2019 Khonumthung

By လားနွန် – ချင်းလူမှုရေးအသင်း (All Chin Society-Yangon) မှ ကြီးမှူးကျင်းပသည့် ရန်ကုန်မြို့၊ ချင်းအမျိုးသားနေ့မုဒ်ဦးသည် ချင်းအမျိုးသားနေ့နှင့် မသင့်လျော်သည့်အတွက် ယနေ့မနက်ပိုင်းတွင် ပြန်လည်ပြင်ဆင်နေပြီဟု သိရသည်။

ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်ရှိ All Chin Society- Yangon ၏ ဘုံပိုင်မြေနေရာတွင် ဖေဖော်ဝါလ (၁၈) ရက်နေ့မှ စတင်ကျင်းပသည့် ချင်းအမျိုးသားနေ့အတွက် အသုံးပြုထားသည့် မုဒ်ဦးသည် ချင်းနှင့်သက်ဆိုင်သည့် သင်္ကေတများပါရှိခြင်းမရှိဘဲ ဘုရားပွဲမုဒ်ဦးကဲ့သို့ ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါမုဒ်ဦးကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ယနေ့မနက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။

All Chin Society- Yangon အတွင်းရေးမှူး ဦးနိုင်းထန်က “ပထမလုပ်တာက ကျွန်တော်တို့ တာဝန်ပေးထားခြင်းခံရတဲ့ လူတွေက သူတို့ရဲ့ အနီးစပ်ဆုံးနေရာ ဘုရားပွဲမုဒ်ဦးလုပ်တဲ့နေရာမှာ သွားငှားပြီးတော့ အဲဒီအတိုင်းပဲ လာပြီးမှစိုက်သွားတာ၊ ဒါပေမယ့် ညနေပိုင်း မိုးချုပ်ခါနီးမှ ကျွန်တော်တို့စစ်ဆေးရေးဝင်တော့ အဲလိုမျိုးလုပ်သွားတာကိုတွေ့တာ၊ ဒီလိုပုံစံဖြစ်တယ်၊ ဒါကြည့်မကောင်းဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပြင်ဆင်ဖို့လိုတယ်ဆိုပြီး အခုပြန်လည်ပြုပြင်နေပါတယ်” ဟု ပြောသည်။

ယခုအခါ ချင်းအမျိုးသားမုဒ်ဦးကို ချင်းဘုံဝတ်စုံအနီနှင့် အနက်များဖြင့်ပြန်လည်ပြုပြင်လျက်ရှိသည်။ ရန်ကုန်မြို့တွင် ကျင်းပသည့် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ (၁၈) နှင့် (၁၉) နေ့ရက်တွင် အားကစားမျိုးပေါင်းစုံ၊ ပျော်ပွဲရွင်ပွဲနှင့် အပျော်တမ်းကစားခြင်းများဖြင့် ကျင်းပလျက်ရှိပြီး ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်ကြမည်ဟု သိရသည်။

(ပုံစာ – ရန်ကုန်မြို့ ချင်းအမျိုးသားနေ့တွင် အသုံးပြုခဲ့သော ကနုတ်ပန်းများထိုးထားသည့် မုဒ်ဦးနှင့် အသစ်ပြန်လည်ပြုပြင်ပြောင်းလဲလိုက်သည့် ချင်းအမျိုးသားနေ့ မုဒ်ဦး)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.