Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရာဇဂြိုလ်ရေးအားလျှပ်စစ်စက်ရုံမှ နိုင်ငံတော်အတွက် ၀င်ငွေ ကျပ် (၁၇၃) သန်းရရှိပြီဟုဆို

ရာဇဂြိုလ်ရေးအားလျှပ်စစ်စက်ရုံမှ နိုင်ငံတော်အတွက် ၀င်ငွေ ကျပ် (၁၇၃) သန်းရရှိပြီဟုဆို

0
By Editor on February 1, 2019 Khonumthung

By လားနွန် – ကလေးမြို့နယ် ရာဇဂြိုလ်ကျေးရွာအနီးတွင် တည်ရှိသော ရာဇဂြိုလ်ရေးအားလျှပ်စစ်စက်ရုံမှ နိုင်ငံတော်အတွက်ဝင်ငွေကျပ် (၁၇၃) သန်းခန့် ရရှိနေပြီဖြစ်ကြောင်း ဆည်တည်ဆောက်ရေး (၄) ကလေးမြို့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်နိုင်ကပြောသည်။

ရာဇဂြိုလ်ရေအားလျှပ်စစ်စက်ရုံအခြေအနေနှင့်ပတ်သက်၍ ကလေးမြို့ ဆည်မြောင်းဦးစီးဌာန၊ တည်ဆောက်ရေး (၄) ဧည့်ရိပ်သာတွင် ယနေ့နံနက်ပိုင်းက ဆည်တည်ဆောက်ရေး (၄) အဖွဲ့မှ သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ကာ ယင်းကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရာဇဂြိုလ်ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားပေးစက် နှစ်လုံးအား ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့မှ နိုင်ငံတော် ဓာတ်အားကွန်ယက်စနစ်အတွင်းသို့ စတင်ပို့လွှတ်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ (၂၉) ရက်နေ့အထိ စုစုပေါင်းဓာတ်အားပမာဏ ကီလိုဝပ်နာရီပေါင်း (၃.၄၆) ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်ကာ နိုင်ငံတော်အတွက်ဝင်ငွေကျပ် (၁၇၃) သန်းခန့် ရရှိနေပြီဖြစ်ကြောင်း ဆည်တည်ဆောက်ရေး (၄) ကလေးမြို့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်နိုင်ကပြောသည်။

“လျှပ်စစ်ထုတ်တယ်ဆိုတာလည်း မဟာဓာတ်အားလိုင်းကိုထည့်လိုက်တာ ဓာတ်အားလိုင်းထည့်တယ်ဆိုတာ ဒီမှာထိုမာမှာ ကလေးပင်မစက်ရုံကြီးရှိတယ် အဲဒီဓာတ်အားလိုင်းကိုလာဆက်တာ ထည့်လိုက်တော့ မဟာဓာတ်အားလိုင်းတွေမှာပြန်ဖြန့်တယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူးကပြောသည်။

ရာဇဂြိုလ်ရေလှောင်တမံဆည်မှ လယ်ဧက (၈၅၀၀) ခန့် ရေပေးဝေနိုင်ရန်လျာထားလျက်ရှိပြီး ယခုလက်ရှိတွင် လယ်ဧက (၄၈၈၀) ခန့် ရေပေးဝေလျက်ရှိသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

ထိန်းသိမ်းခံထားရစဉ် ရောဂါအခံဖြင့်သေဆုံးသည်ဟုဆိုသော ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိမှုအပေါ် ဝေဖန်မှုမြင့်တက်

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.