Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လောင်တလိုင်ခရိုင်တွင် စစ်ဘေးရှောင်များအတွက် ဆန်စတင်ဖြန့်ဝေ

လောင်တလိုင်ခရိုင်တွင် စစ်ဘေးရှောင်များအတွက် ဆန်စတင်ဖြန့်ဝေ

0
By Editor on November 11, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အတွင်း ဝင်ရောက်ခိုလုံနေကြသော စစ်ဘေးရှောင်များအတွက် ဆန်ထောက်ပံ့ရေး အစီစဉ်ကို ယနေ့စတင်လိုက်ပြီး လောင်တလိုင်မြို့က ကာနန်စစ်ဘေးရှောင်စခန်းတွင် စတင်ပေးအပ်ခဲ့သည်ဟု သိရသည်။

လောင်တလိုင်မြို့ Chandmary ရပ်ကွက် ကာနန်စစ်ဘေးရှောင်စခန်းတွင် ယနေ့ ကျင်းပပြုလုပ်သော ဆန်ထောက်ပံ့ရေး အစီအစဉ်အခမ်းအနားကို လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး Pu Cheemala Siva Gopal Reddy က ဖွင့်လှစ်အပ်နှံခဲ့သည်ဟု The Lawngtlai Post က ဖော်ပြသည်။

ယခုလက်ရှိလောင်တလိုင်ခရိုင်ထဲတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မဏိပူရ်ပြည်နယ်တို့မှ စစ်ဘေးရှောင်ပြည်သူ ၈၀၂၀ ဦးရှိနေပြီး အများစုမှာ လောင်တလိုင်မြို့ပေါ်မှာနေထိုင်ကြသည်ဟု သိရသည်။

စစ်ဘေးရှောင်အားလုံးအတွက် ရူပီးငွေ ၁၅ သိန်းတန်ဖိုးရှိသော ဆန်တန်ချိန် ၁၅၂၀.၂၂ ကို ဖြန့်ဝေသွားမည်ဟု သိရသည်။

အဆိုပါဆန်များကို စစ်ဘေးရှောင်စခန်းများအားလုံးတွင် စောလျင်စွာ ရောက်ရှိနိုင်ရေးအတွက် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သည်ဟုလည်း သိရသည်။

ယခုအစီစဉ်သည် အိန္ဒိယဗဟိုအစိုးရနှင့် မီဇိုရမ်ပြည်နယ်အစိုးရတို့မှ ပူးပေါင်း ဆောင်ရွက်သည့်အစီစဉ်ဖြစ်သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်ထဲတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မဏိပူရ်ပြည်နယ်တို့မှ စစ်ဘေးရှောင် ၄၅၀၀၀ ခန့်ရှိပြီး ယင်းအနက် မြန်မာစစ်ဘေးရှောင်များသည် လူဦးရေအများဆုံးဖြစ်ကာ ၃၅၀၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.