• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»သတ္တိရှိပါက မြို့ပြင်ထွက်ပြီး စစ်ဆင်ရေးလုပ်ရန် စစ်ကောင်စီတပ်ကို CDF-Hakha တပ်ဖွဲ့က စိန်ခေါ်

သတ္တိရှိပါက မြို့ပြင်ထွက်ပြီး စစ်ဆင်ရေးလုပ်ရန် စစ်ကောင်စီတပ်ကို CDF-Hakha တပ်ဖွဲ့က စိန်ခေါ်

0
By Editor on August 11, 2022 Headline

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သတ္တိရှိပါက ပြည်သူနှင့် ပြည်သူ့စည်းစိမ်များအား တိုက်ရိုက်ထိခိုက်မှုမရှိနိုင်မည့် မြို့ပြင်သို့ ထွက်ခွါလာပြီး စစ်ဆင်ရေးများလုပ်ဆောင်ရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha က စိန်ခေါ်လိုက်သည်။

ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင်ပစ္စည်းအမြောက်အများ ပျက်စီးခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်ချက်ကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ရသည့်အပြင် လူနေအိမ်ခြေ ၃၀ ကျော်လည်း ပျက်စီးခဲ့ရပြီးဖြစ်သည်ဟု CDF-Hakha က ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သတ္တိရှိပါက မြို့ပြင်သို့ထွက်လာပြီး စစ်ဆင်ရေးလုပ်ဆောင်ရန် CDF-Hakha က ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း ဟားခါးမြို့နယ် နှီယာလောန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် Pi Chia Hnem အသက်ဆုံးရှုံးခဲ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လုပ်ရပ်သည် နိုင်ငံတကာစစ်ဥပဒေ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြစ်ပြီး ပြည်သူများဆုံးရှုံးခဲ့ရသော နစ်နာမှုများနှင့် လုပ်ရပ်အပေါ် တာဝန်ယူဖြေရှင်းရလိမ့်မည်ဟု CDF-Hakha က သတိပေးထားသည်။

CDF-Hakha တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို ပြင်းထန်သောစစ်ဆင်ရေးများ ပိုမိုလုပ်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ကို ကြိုးကိုင်ကြောထောက်လုပ်နေသည့် ရာထူးခံလူပုဂ္ဂိုလ်များ၊ Non-CDM နှင့် ဒလန်များကိုလည်း CDF-Hakha ၏ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းဥပဒေနှင့်အညီပြင်းပြင်းထန်ထန် အရေးသွားမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.