Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»သီဘွာလ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ်များအသုံးပြုပြီး အပြင်းအထန်တိုက်ခိုက်၊ ၅ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများ

သီဘွာလ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ်များအသုံးပြုပြီး အပြင်းအထန်တိုက်ခိုက်၊ ၅ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများ

0
By Editor on November 20, 2022 Headline

ချင်းပြည်နယ် ဖလမ်းမြို့နယ် သီဘွာလ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ၅ ရက်ကြာဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၃၀ ကျော်သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF က ယနေ့ထုတ်ပြန်သည်။

ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်တည်ရှိသော သီဘွာလ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရန် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်မနက်ကစ၍ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့နှင့် ယနေ့နိုဝင်ဘာလ ၁၉ ရက်နေ့အထိ ၅ ရက်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြသည်။

၅ ရက်ကြာဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့သည် အထိနာသဖြင့် ၅ ရက်လုံးလုံး လေကြောင်းမှတဆင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု CNO/CNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စပစ်တဲ့နေ့ ၁၅ ရက် မနက် ၉ နာရီလောက်ကနေစပြီး Jet-fighter လေယာဉ်သုံးခါလာပြီးတော့ သုံးခါ ဗုံးချသွားတယ်။ အဲ့ဒီညနေမိုးချုပ်ခါနီးမှာပဲ နစ်ခေါက်ပြန်လာပြီးတော့ ဗုံးပြန်ကြဲသွားတယ်၊ အဲ့ဒီ ငါးရက်မှာ တစ်ရက်ပဲ လေကြောင်းမလာတာ ကျန်တဲ့နေ့ နေ့တိုင်းလိုလိုပဲလေကြောင်းပစ်ကူလာတယ်၊ ဒီနေ့ ၁၉ ရက်နေ့ဆိုရင် Jet-fighter နှစ်ခါလာတယ် ပြီးတော့ ရဟတ်ယာဉ်တော့ အကြိမ်ကြိမ်လာတယ်” ဟု CNO/CNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပထမနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့သည် အထိနာနေသောကြောင့် လေကြောင်းစစ်ကူများ အသုံးပြုလာခဲ့ရာ နိုဝင်ဘာလ ၁၅ ရက်နေ့ တစ်ရက်တည်းတွင် ဂျက်လေယာဉ်ဖြင့် ၄ ကြိမ်လာရောက်ကာ ဗုံးအကြိမ်ပေါင်းများစွာ ကြဲချခဲ့သည်ဟု CNO က ဆိုသည်။

စစ်ကောင်စီ၏ ဗုံးမှုကြောင့် ၎င်းတို့တပ်စခန်းအနီး ကျရောက်ပေါက်ကွဲကာ စခန်းရှိ အိမ် (၂) လုံး မီးလောင်သွားခဲ့သည်ဟုလည်း သိရသည်။

ပထမရက်တိုက်ပွဲတွင် စကစဖက်မှ (၈) ဦးခန့် သေဆုံးခဲ့ပြီး CNO/CNDF ဖက်မှ (၂) ဦး ဒါဏ်ရာ (မစိုးရိမ်) ရရှိခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်း မနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် နှစ်ကြိမ် အပြင်းအထန် တိုက်ပွဲဆက်လက်ဖြစ်ပွါးရာ စကစတပ်ဘက်မှ အထိနာသဖြင့် နေ့လည် ၂:၅၅ အချိန်ခန့်တွင် တိုက်ပွဲသုံး MI-35 ရဟတ်ယာဉ်ဖြင့် မိနစ် (၂၀) ကြာ လာရောက်ပစ်ခတ်ခဲ့သည်ဟု CNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုတိယနေ့တိုက်ပွဲအတွင်း စကစတပ်ဖက်မှ (၅) ဦးသေဆုံးကာ ဒါဏ်ရာရသူ အများအပြားရှိခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ညတွင်လည်း ကလေးမြို့ တာဟန်းရပ်ကွက်ဘက်တွင် CNDF တပ်မဟာ (၁)၊ တပ်ရင်း (၃) နှင့် CDF-KKG ပူးပေါင်း၍ စကစတပ်များအား သွားရောက်ပစ်ခတ်ခဲ့ရာ စကစတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု CNO ကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင်လည်း မနက်ပိုင်း ၀၉:၃၀ အချိန်နှင့် နေ့လည် ၀၂:၀၀ နာရီတွင် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး မွန်းလွဲပိုင်း ၃:၄၅ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်တပ်သုံး MI-35 ဖြင့် (၄၅) မိနစ်ခန့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယင်းညတွင် ပူးပေါင်းတပ်ဖွဲ့ဖြစ်သော MEDF မှ Drone ဖြင့် ဗုံးအမြောက်အမြား ကူညီကြဲချခဲ့သည်ဟု CNO က ဆိုသည်။

တတိယနေ့တိုက်ပွဲတွင် စကစဖက်မှ (၆) ဦးသေဆုံးကာ ဒါဏ်ရာရသူအများအပြားရှိခဲ့ပြီး CNO/CNDF ဖက်မှ ရဲဘော် (၁) ဦး ဒါဏ်ရာ (မစိုးရိမ်) ရရှိခဲ့သည်။

နိုဝင်ဘာလ ၁၈ ရက်၊ စတုတ္ထနေ့ နံနက် ဝေလီဝေလင်းအချိန်တွင် CNDF မှ စကစ စခန်းကို ထပ်မံတိုက်ခိုက်ရာ ထိုနေ့တွင် စကစဖက်မှ (၄) ဦးသေဆုံးပြီး CNO/CNDF ဖက်မှ တပ်သား (၁) ဦး ၆၀ မမ လက်နက်ကြီးစထိမှန်၍ ဒါဏ်ရာ (မစိုးရိမ်) ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက်တွင် သီးဘွာလ်တပ်စခန်းကို သိမ်းယူနိုင်ရန် CNDF မှ ထပ်မံ စတင်ပစ်ခတ်တိုက်ပြန်ရာတွင် စစ်ကောင်စီတပ်ဖွဲ့က စခန်းမကျရေးအတွက် ဂျက်တိုက်လေယာဉ် (၂) စီး၊ တိုက်ပွဲသုံးရဟတ်ယာဉ် (၅) စီးဖြင့် နံနက် (၁၀:၀၀) နာရီအချိန်ခန့်မှစ၍ နေ့လည် (၀၁:၀၀) နာရီကျော်အထိ မနားတမ်း သာလွန်အင်အားဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် သီးဘွာလ်တပ်စခန်းသို့ စစ်ကူများထပ်ဖြည့်ခဲ့ပြီး ဒါဏ်ရာရစစ်သားများနှင့် သေဆုံးအလောင်းများကို ကလေးမြို့စစ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။

ယနေ့ ညနေ ၅ နာရီခန့်တွင်လည်း သီးဘွာလ်တပ်စခန်းအနီး၊ ဘွလ်သဲကျေးရွာတွင် စကစ စစ်ကူများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် (၁) နာရီကျော် ပစ်ခတ်ခဲ့ကြပြီး စကစတပ်ဖက်မှ အနည်းဆုံး (၆) ဦး သေဆုံးခဲ့သည်ဟု CNO က ဆိုသည်။

ညနေ ၆:၃၀ အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဘွာလ်သဲကျေးရွာရှိ နေအိမ်များအား စတင်မီးရှို့ခဲ့သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ကစ၍ ၁၉ ရက်နေ့အထိ ၅ ကြာဖြစ်ပွားသော တိုက်ပွဲတွင် CNO/CNDF ဘက်မှ Drone ဖြင့် အကြိမ် (၃၀၀) ကျော် ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ပြီး စကစတပ်ဖက်မှ အနည်းဆုံး (၃၀) ကျော်သေဆုံးကာ ယင်းသေဆုံးသူများထဲတွင် အရာရှိပိုင်းများလည်း ပါဝင်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO က ဆိုပါသည်။

အဆိုပါတိုက်ပွဲများတွင် ZFU/PDF-Zoland, CDM-Siyin, CDF-Lautu နှင့် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော CJDC တို့မှလည်း ကူညီအင်အားဖြည့်ပေးခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.