• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးတွင် စစ်ကောင်စီမှ ဖမ်းဆီးမှုကြောင့် Pu Khamh Bawi လည်း သေဆုံးခဲ့ကြောင်း ယနေ့ညနေပိုင်းမှ မိသားစုထံအကြောင်းကြား

ဟားခါးတွင် စစ်ကောင်စီမှ ဖမ်းဆီးမှုကြောင့် Pu Khamh Bawi လည်း သေဆုံးခဲ့ကြောင်း ယနေ့ညနေပိုင်းမှ မိသားစုထံအကြောင်းကြား

0
By Editor on May 13, 2021 Khonumthung
ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီ၏ ဖမ်းစီးမှုကြောင့် သေဆုံးခဲ့သူမှာ နှစ်ဦးဖြစ်ကြောင်း ယနေ့ညနေပိုင်းမှသာ မိသားစုထံ အကြောင်းကြားခဲ့ပြီး နောက်တစ်ဦးမှာ Thang Zang ကျေးရွာမှ ဟားခါးသို့ ခေတ္တ အလည်လာသူ Pu Khamh Bawi ဖြစ်ကြောင်း သိရသည်။
“ဒီညနေပိုင်းလောက်မှာ တပ်ဘက်ကနေ ပါစတာတစ်ယောက်ကိုဖုန်းဆက်တယ်၊ Pu Tler Ling သေပြီး သိပ်မကြာခင်မှာ ဆုံးသွားတာကြောင့် အတူတူမီးရှို့လိုက်တယ်လို့ပြောတယ်၊ သူက Thang Zang ဘက်ကနေ ဒီကိုခဏလာတာလို့ပြောတယ်၊ သူ့အမေကတော့ ဒီမှာဘဲ၊ သူတို့အိမ်က ဟားခါးသာရ် ခြောက်လမ်းစုံဘက်မှာ၊ စစ်သားတွေက အဲဘက်မှာ ဟိုးသွားဒီသွားလုပ်နေတော့ သူတို့အိမ်ကို ရပ်ကွက်က အသုဘ စောင့်ပေးဖို့လည်း မသွားရဲကြဘူးပြောတယ်” ဟု ဒေသခံတစ်ဦးမှပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာဖြစ်သည့် မြန်မာ့အလင်း သတင်းစာမှ ဟားခါးမြို့တွင် မေလ ၁၀ ရက်နေ့က မသင်္ကာဖွယ် အမျိုးသားနှစ်ဦးအား ဖမ်းဆီးခဲ့ပြီး ဦးကီလ်လိန်းမှာ သွေးတိုးရောဂါနှင့် သေဆုံးပြီး ကျန်တစ်ဦးဖြစ်သည့် ဦးဘွေအားမှာ ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တစ်ကယ့်ဖြစ်စဉ်မှာ Pu Khamh Bawi အား မေလ ၉ ရက်နေ့မနက်ပိုင်း ၉ နာရီခန့်တွင် ဟားခါးမြို့ ဂေါက်ကွင်းအနီးရှိ နေအိမ်တွင်ဖမ်းဆီးခဲ့ပြီး Pu Tler Ling အား ညနေပိုင်းတွင် နွယ်ချောင်းဘက်ရှိ ၄င်း၏ ယာတဲထဲတွင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ဖမ်းဆီးမှုကြောင့်သေဆုံးခဲ့ရသည့် Pu Tler Ling နှင့် Pu Khamh Bawi တို့၏ အလောင်းများအား မိသားစုထံ ပြန်လည် ပေးအပ်ခြင်းမရှိဘဲ စစ်ကောင်စီမှ မီးရှို့ပြီးကြောင်းသာ အကြောင်းကြားထားကြောင်းသိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.