#Unicode
Benezer – ချင်းပြည်နယ် ဟားခါးမြို့တွင် မတ်လ ၁ ရက်နေ့က တပ်မတော် အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သူ ၂၃ ဦးအား ဖမ်းဆီးခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် ၁၉ ဦး ပြန်လွှတ်ပေးလိုက်ပြီး ၄ ဦး ဆက်ဖမ်းထားကြောင်း သိရသည်။
“ဒီနေ့ပြန်လွှတ်ပေးတာက ၁၉ ဦးပါ၊ သတင်းထောက်လည်းပါတယ်၊ ဆက်ဖမ်းထားတဲ့ လေးဦးက အစိုးရဝန်ထမ်း နှစ်ဦး၊ NGO ဝန်ထမ်း ၁ ဦး နှင့် ပုလဲစတိုးက ဝန်ထမ်း ၁ ဦးပါ၊ ဘာကြောင့် ဆက်ဖမ်းထားတာလည်းဆိုတာတော့ မသိရဘူး” ဟု ဟားခါးမြို့ခံ တစ်ဦးမှပြောသည်။
ယမန်နေ့ညနေပိုင်းတွင် ဟားခါးမြို့ လမ်းဆုံအနီးတွင် ဆန္ဒဖော်ထုတ်နေသည့် ပြည်သူများအား ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံး၊ ရေကားများဖြင့် ဖြိုခွင်းခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်ခဲ့သူများအား ပုန်းခိုနေသည့် နေအိမ်များထိ လိုက်လံရှာဖွေကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
#Zawgyi
Benezer – ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕တြင္ မတ္လ ၁ ရက္ေန႔က တပ္မေတာ္ အာဏာသိမ္းမႈအား ကန႔္ကြက္ေၾကာင္း ဆႏၵေဖာ္ထုတ္ခဲ့သူ ၂၃ ဦးအား ဖမ္းဆီးခဲ့ၿပီး ယေန႔ေန႔လည္ပိုင္းတြင္ ၁၉ ဦး ျပန္လႊတ္ေပးလိုက္ၿပီး ၄ ဦး ဆက္ဖမ္းထားေၾကာင္း သိရသည္။
“ဒီေန႔ျပန္လႊတ္ေပးတာက ၁၉ ဦးပါ၊ သတင္းေထာက္လည္းပါတယ္၊ ဆက္ဖမ္းထားတဲ့ ေလးဦးက အစိုးရဝန္ထမ္း ႏွစ္ဦး၊ NGO ဝန္ထမ္း ၁ ဦး ႏွင့္ ပုလဲစတိုးက ဝန္ထမ္း ၁ ဦးပါ၊ ဘာေၾကာင့္ ဆက္ဖမ္းထားတာလည္းဆိုတာေတာ့ မသိရဘူး” ဟု ဟားခါးၿမိဳ႕ခံ တစ္ဦးမွေျပာသည္။
ယမန္ေန႔ညေနပိုင္းတြင္ ဟားခါးၿမိဳ႕ လမ္းဆုံအနီးတြင္ ဆႏၵေဖာ္ထုတ္ေနသည့္ ျပည္သူမ်ားအား ရဲတပ္ဖြဲ႕မွ မ်က္ရည္ယိုဗုံး၊ ေရကားမ်ားျဖင့္ ၿဖိဳခြင္းခဲ့ၿပီးေနာက္ ဆႏၵထုတ္ေဖာ္ခဲ့သူမ်ားအား ပုန္းခိုေနသည့္ ေနအိမ္မ်ားထိ လိုက္လံရွာေဖြကာ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။