(004SS)
ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ဒေသခံလူငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိသောကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်တွင် အသက် ၁၉ နှစ်အရွယ် ၎င်းအမျိုးသားသည် ဟားခါးမြို့သစ်ရပ်ကွက် Viewpoint 2 အနီးတွင် မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်သည်။
၎င်းသည် အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း ဒါဏ်ရာပြင်းထန်သောကြောင့် ခြေထောက်တစ်ဖက်ဖြတ်လိုက်ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် တစ်ပါတ်ခန့်ကလည်း ဟားခါးထာရ်ရပ်ကွက်တွင် လူငယ် တစ်ဦးသည် မြေမြုပ်မိုင်းနှင်းမိ၍ ပြင်းထန်ဒါဏ်ရာ ရရှိခဲ့ပြီးဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များသည် ဟားခါးထာရ်ရပ်ကွက်နှင့် အနီးတစ်ဝိုက်တွင် နေရာယူတပ်ဆွဲ လေ့ရှိပြီး ၎င်းနေရာမှ လက်နက်ကြီးများ ပစ်ခတ်လေ့ရှိကြောင်း သိရသည်။