• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီဟု CDF-Hakha Council ပြော

ဟားခါးမြို့နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီဟု CDF-Hakha Council ပြော

0
By Editor on September 21, 2022 Headline

ချင်းပြည်နယ် ဟားခါးမြို့နယ်၏ နယ်မြေ စုစုပေါင်း ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီဟု ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha Council က စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Hakha တပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း ၁၀၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ၄၁၉ ဦးသေဆုံးခဲ့ပြီး ၁၉၀ ကျော်လည်း ဒဏ်ရာရရှိခဲ့သည်ဟု CDF-Hakha Council ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF-Hakha တပ်ဖွဲ့သည် ချင်းပြည်နယ်တွင် မြို့တွင်းစစ်ဆင်ရေး အများဆုံးဖော်ဆောင်သည့် တပ်ဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့တွင်းစစ်ဆင်ရေး အကြိမ်ပေါင်း ၅၀ ကျော် ပြုလုပ်ခဲ့သည်ဟု သိရသည်။

CDF-Hakha Council အနေဖြင့် တော်လှန်ရေးအရှိန်မြှင့်တင်ပြီး ပိုမိုတောင့်တင်းအင်အားကောင်းလာစေရေးအတွက် ဟားခါးမြို့နယ်ရှိ တော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်အယောက် (၃၀၀) ဦးတက်ရောက်ပါဝင်သော ညီလာခံ ကိုလည်း ပြီးခဲ့သည့်စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။

ယင်းညီလာခံဆုံးဖြတ်ချက်အရ ချင်းလူမျိုးနင့် ချင်းပြည်သည် မတရားအာဏာရှင်အုပ်ချုပ်ရေးနှင့် လူမျိုးကြီးဝါဒ အုပ်ချုပ်ရေးမှ လွတ်မြောက်သည်အထိ တော်လှန်ရေးဆက်လက်ပြုလုပ်ရန်၊ ချင်းအမျိုးသားတပ်ဦး CNF/A နှင့် အတူတကွ လက်တွဲလုပ်ဆောင်သွားမည်ဟု သိရသည်။

CDF-Hakha Council သည် Mie ဒေသ၊ Senthang ဒေသ၊ Zokhua ဒေသနင့် ဟားခါးမြို့ပေါ်ဒေသ စသည့်ဒေသ (၄) ခုဖြင့် စုဖွဲ့ထားသည်နှင့်အညီ တော်လှန်ရေးကာလအတွင်း CDF-Hakha Council သည်သာ အဆိုပါဒေသ ၄ ခု၏ တရားဝင်ကိုယ်စားပြုသည့် အဖွဲ့ဖြစ်ပြီး အခြား မည်သည့်လက်နက်ကိုင်အဖွဲ့ (သို့) အုပ်ချုပ်ရေးအဖွဲ့မျှ ဖွဲ့စည်းခြင်းမပြုရဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ မတရားဖမ်းဆီးခြင်းခံရသူ ၃၃၇ ဦးထိရှိခဲ့ပြီး ယင်းအနက် ၃၀၉ ဦးမှာပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ ၂၈ ဦးမှာ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံကြရဆဲဟု CDF-Hakha Council က ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ လက်ချက်ကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ရပြီး နေအိမ် ၂၇ လုံး မီးရှို့ဖျက်ဆီးခံရသည့်အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.