(002MG)
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မူကြောင့် မြို့သစ်ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲကာ အိမ်ထောင်ဦးစီးဖြစ်သူ သေဆုံးပြီး မိသားစုဝင် (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဟားခါးမြို့ခံတစ်ဦးက “လက်နက်ကြီးအိမ်ပေါ်ကျပြီးတော့ ဆုံးတာလို့ကြားတယ်၊ BOC ဖက်မှာဖြစ်တာ။ အိမ်ထောင်ဦးစီး သေဆုံးသွားတယ်၊မိသားစုဝင်တွေလည်း ထိခိုက်တယ်။ ကျန်တာမသိရသေးဘူး” ဟုပြောသည်။
ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်မူထမ်းရန် စာရင်းကောက်ယူမူ လုပ်ဆောင်လာပြီးနောက်ပိုင်း မတ်လ (၁၈) ရက်မှစကာ မြို့တွင်းမကြာခဏ ပစ်ခတ်ဖြစ်ပွားမူများရှိလာသော်လည်း ယမန်နေ့တွင် ထိတွေ့မူမရှိပဲ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်သောကြောင့် ပြည်သူသေဆုံးမူရှိလာခြင်းဖြစ်သည်ဟု သိရသည်။
၎င်းအပြင် ယမန်နေ့ညမှစပြီး မြို့ပေါ်တွင် အင်တာနက် Wifi လိုင်းများပြတ်တောက်နေသည်ဟု ဟားခါးမြို့ခံများထံမှ သိရသည်။