Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမှာ ပြည်သူကို ခြိမ်းခြောက် ငွေညှစ်နေသော စစ်ကောင်စီတပ်သား ၂ ဦးကို ဖမ်းဆီး

ဟားခါးမှာ ပြည်သူကို ခြိမ်းခြောက် ငွေညှစ်နေသော စစ်ကောင်စီတပ်သား ၂ ဦးကို ဖမ်းဆီး

0
By Editor on April 22, 2025 Khonumthung

(006SV)

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဒေသခံပြည်သူများကို ခြိမ်းခြောက်၍ ငွေညှစ်နေသော စစ်ကောင်စီ ရဲတပ်သား ၂ ဦးကို ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း CDF ဟားခါးက ယနေ့ ဧပြီလ ၂၂ ရက်မှာ ထုတ်ပြန်သည်။

ဧပြီလ ၂၁ ရက်က ပြည်သူများကို လက်နက်အားကိုးပြီး ခြိမ်းခြောက်၍ ငွေညှစ်နေသောကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်ဟု CDF ဟားခါးက ဆိုသည်။

ဖမ်းဆီးရမိသူများထံမှ ပစ္စတို ၁ လက်နှင့် ခဲယမ်းတချို့၊ ဖုန်း ၇ လုံး၊ ငွေကြေးတချို့နှင့် စားသောက်ကုန်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

CDF – ဟားခါးထံသို့ ရဲတပ်သား ၂ ဦးကို မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို ဆက်သွယ်မေးမြန်းနေသော်လည်း မရသေးပေ။

ပြည်သူများကို ဒုက္ခမျိုးစုံပေးနေသော စစ်ကောင်စီအဖွဲ့ဝင်များကို ဆက်လက်၍ လိုက်လံ အရေးယူသွားမည်ဖြစ်ကြောင်း CDF – ဟားခါးက ထုတ်ပြန်သည်။

တော်လှန်ရေး ၄ နှစ်တာအတွင်း CDF – ဟားခါးသည် ဟားခါးမြို့တွင် စစ်ဆင်ရေးကို ၁၅၀ ကြိမ် ဆင်နွှဲထားပြီး ဟားခါးမြို့ နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းကို ၁၇ ကြိမ် တိုက်ခိုက်ထားကြောင်း သိရသည်။

CDF – ဟားခါး ပါဝင်သည့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များသည် ၂၀၂၅ ခုနှစ်တွင် ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်ရေး ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.