Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါး-ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော်သေဆုံး
ပုံစာ - သီမြစ်လွင်ပြင်

ဟားခါး-ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော်သေဆုံး

0
By Editor on October 16, 2024 Headline

ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်ဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရတပ်ဖွဲ့တို့ ယမန်နေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က ၁၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။

ဟားခါး-ထန်တလန်ကြားက ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသော C3 နေရာကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာလ ၁၅ ရက်မနက် ၆ နာရီကနေ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့ပြီးနောက် တနေကုန်နီးပါး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

“မနေ့ကတော့ တနေကုန်နီးပါးပဲ မနက် ၆ နာရီကတည်းကနေ၊ ညနေပိုင်းလောက်မှာပဲ နည်းနည်းရပ်သွားတယ်၊ သူတို့ဘက်က ၁၀ ယောက်ကျော်တော့ကျတယ်” ဟု ဆလိုင်းထက်နီကပြောသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားသည့်အချိန်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် C3 နှင့် အော်တိုတောင်ဘက်ကို ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဝေဟင်ကနေ Machine-Gun စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

မနေ့ကဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီက မြေပြင်နှင့် ဝေဟင်ကနေပါ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ဟားခါး-ထန်တလန်ကြားက ၎င်းတို့လက်လွှတ်ခဲ့ရသောဒေသများကို ပြန်လည်သိမ်းပိုက်နိုင်ရန် အောက်တိုဘာလ ၁၃ ရက်နေ့က ဟားခါးကနေ စစ်ကား ၇ စီးဖြင့် စစ်ကူစေလွှတ်ကာ အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၄ ရက်နေ့ကဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိနာခဲ့ပြီး ခဏတပ်ပြန်ဆုတ်ကာ ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သား အယောက် ၃၀ ခန့် ဟားခါးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။

ဟားခါးမြို့မှ မိုင် ၂၀ ကျော်သာကွာဝေးသော ထန်တလန်မြို့နှင့် ဟားခါး-ထန်တလန်ကြား လမ်းကြောင်းတစ်လျှောက်ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပြီး အောက်တိုဘာလ ၂ ပတ်အတွင်းမှာ အကြိမ်ပေါင်း ၁၃၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.