• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»အဖမ်းဆီးခံ ကလေး-PDF ဆေးတပ်မှ စစ်သမီး (၈) ဦးမှ (၅) ဦးကို ကယ်ထုတ်နိုင်ပြီ ဆိုတဲ့သတင်းအမှား

အဖမ်းဆီးခံ ကလေး-PDF ဆေးတပ်မှ စစ်သမီး (၈) ဦးမှ (၅) ဦးကို ကယ်ထုတ်နိုင်ပြီ ဆိုတဲ့သတင်းအမှား

0
By Editor on November 22, 2021 Headline

“အဖမ်းခံရတဲ့ PDF ဆေးတပ်မှ စစ်သမီး (၈) ဦး အနက် (၅) ဦးကို ကယ်ထုတ်နိုင်ပြီဟုသိရ။ ဝမ်းသာစရာဆိုပြီး” သတင်းအမှားကို မြန်မာ့နွေဦးတော်လှန်ရေး တနိုင်ငံလုံး သတင်းရပ်ကွက်ဆိုတဲ့ Facebook Group မှာတင်ထားတာဖြစ်ပါတယ်။

၎င်းသတင်းနဲ့ ပတ်သက်ပြီး ကလေး-PDF ဘက်မှာ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းတဲ့အခါ သတင်းအမှား ဖြစ်ကြောင်းအခုလို ပြောပါတယ်။
“ကျနော်တို့ဘက်က ကယ်ထုတ်တာတွေမရှိဘူး၊ သတင်းအမှားဖြစ်တယ်၊ အဖမ်းဆီးခံထားရတဲ့ အမျိုးသမီး (၉) ဦးဟာ အခုထိ စစ်တပ်လက်ထဲမှာပဲရှိနေတုန်းပဲ”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ကလေးမြို့အနောက်တောင်ဘက်တနေရာတွင် PDF (Kalay) တပ်ရင်း ၃ လက်အောက်ခံ တပ်ခွဲတစ်ခုစခန်းတစ်ခုကို စစ်ကောင်စီက စီးနင်းသိမ်းပိုက်ကာ PDF (Kalay) ဆေးတပ်ဖွဲ့မှ အမျိုးသမီး ၁၀ ဦးနှင့် ရဲဘော် အမျိုးသား ၂ ဦးကို ဖမ်းခဲ့ပြီးနောက် သုံးရက်အကြာမှာ အဲဒီသတင်းအမှားသည် လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့ လာတာဖြစ်ပါတယ်။

အဆိုပါအဖမ်းခံရသူများအနက် PDF (Kalay) ရဲဘော်အမျိုးသား ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီက ညင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပြီးနောက် ကျန်အမျိုးသမီး ၉ ဦးကို ကလေးမြ်ို့ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) မှာ ထိမ်းသိန်းထားတယ်လို့ သိရပါတယ်။

ထိုကဲ့သို့ သတင်းအမှားကြောင့် ဖမ်းဆီးခံ အမျိုးသမီးများရဲ့ မိသားစုများနဲ့ မိတ်ဆွေများမျှော်လင့်ချက် ပျော်ရွှင်မှုကို ပျက်ပြားစေနိုင်သလို ပြည်သူလူထုရဲ့ ဘဝများကို ရိုက်ခတ်စေနိုင်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနမှ သတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.