• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»အမ္းၿမိဳ႕နယ္တြင္ ခ်င္းအမ်ိဴးသမီးတစ္ဦး ေျမျမဳပ္မိုင္းနင္းမိၿပီး ေသဆုံး

အမ္းၿမိဳ႕နယ္တြင္ ခ်င္းအမ်ိဴးသမီးတစ္ဦး ေျမျမဳပ္မိုင္းနင္းမိၿပီး ေသဆုံး

0
By Editor on August 4, 2020 Headline

#Unicode

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇုကိုင်းကျေးရွာတွင် နေထိုင်သော အသက် (၁၇) နှစ်အရွယ် ချင်းအမျိူးသမီး မဝတုန်သည် သြဂုတ်လ (၃) ရက်နေ့က မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါအမျိူးသမီးသည် စိတ်မကျန်းမာသူဟုသိရပြီး တောထဲသို့ မျှစ်ခူးသွားစဉ် မိုင်းနင်းမိ၍ ခြေထောက်ပြတ်ကာ ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခရီးတွင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကောင်မတီ (RRCCI) မှ မိုင်နန်းဝေကပြောသည်။

“သူက စိတ်ဝေသနာရှင်အမျိုးသမီးလို့သိရတယ် မနေ့ကပေါ့ မြေမြုပ်မိုင်းထိပြီးတော့ ပွဲချင်းတော့မဟုတ်ဘူး ဆေးရုံပို့ဆောင်စဉ် လမ်းခုလတ်မှာ ဆုံးသွားတာလို့သိရတယ်’’ ဟု မိုင်နန်းဝေကပြောသည်။

အမ်းမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် မြို့နယ်တစ်ခုဖြစ်ပြီး မြေမြုပ်မိုင်းကြောင့် အရပ်သားသေဆုံးမှု မကြာခဏဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်နေ့ကလည်း ကဇုကိုင်းကျေးရွာအုပ်စု ဂျိတ်ချောင် ကျေးရွာတွင်နေထိုင်သော အသက် (၆၀) အရွယ် ဦးမောင်တင်နှင့် အသက် (၂၈) အရွယ် ကိုဆူပါချေတို့သည် မြေမြုပ်မိုင်းနင်းမိကာ သေဆုံးခဲ့ကြပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

အမ်းမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ မှ သြဂုတ်လ ၃ ရက်အထိ တစ်ပတ်အတွင်း မြေမြုပ်မိုင်းကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
(Photo – RRCCI)

#Zawgyi

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ ကဇုကိုင္းေက်းရြာတြင္ ေနထိုင္ေသာ အသက္ (၁၇) ႏွစ္အရြယ္ ခ်င္းအမ်ိဴးသမီး မဝတုန္သည္ ၾသဂုတ္လ (၃) ရက္ေန႔က ေျမျမဳပ္မိုင္းနင္းမိ၍ ေသဆုံးခဲ့သည္ဟု သိရသည္။

အဆိုပါအမ်ိဴးသမီးသည္ စိတ္မက်န္းမာသူဟုသိရၿပီး ေတာထဲသို႔ မၽွစ္ခူးသြားစဥ္ မိုင္းနင္းမိ၍ ေျခေထာက္ျပတ္ကာ ေဆး႐ုံသို႔ပို႔ေဆာင္စဥ္ လမ္းခရီးတြင္ေသဆုံးခဲ့ျခင္းျဖစ္သည္ဟု ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ား အေရးေပၚကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာင္မတီ (RRCCI) မွ မိုင္နန္းေဝကေျပာသည္။

“သူက စိတ္ေဝသနာရွင္အမ်ိဳးသမီးလို႔သိရတယ္ မေန႔ကေပါ့ ေျမျမဳပ္မိုင္းထိၿပီးေတာ့ ပြဲခ်င္းေတာ့မဟုတ္ဘူး ေဆး႐ုံပို႔ေဆာင္စဥ္ လမ္းခုလတ္မွာ ဆုံးသြားတာလို႔သိရတယ္’’ ဟု မိုင္နန္းေဝကေျပာသည္။

အမ္းၿမိဳ႕နယ္သည္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ စစ္ေရးပဋိပကၡျဖစ္ပြားေနသည့္ ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး ေျမျမဳပ္မိုင္းေၾကာင့္ အရပ္သားေသဆုံးမႈ မၾကာခဏျဖစ္ပြားေလ့ရွိသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၂၉ ႏွင့္ ၃၀ ရက္ေန႔ကလည္း ကဇုကိုင္းေက်းရြာအုပ္စု ဂ်ိတ္ေခ်ာင္ ေက်းရြာတြင္ေနထိုင္ေသာ အသက္ (၆၀) အရြယ္ ဦးေမာင္တင္ႏွင့္ အသက္ (၂၈) အရြယ္ ကိုဆူပါေခ်တို႔သည္ ေျမျမဳပ္မိုင္းနင္းမိကာ ေသဆုံးခဲ့ၾကၿပီး တစ္ဦးဒဏ္ရာရရွိခဲ့သည္။

အမ္းၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ ဇူလိုင္လ ၂၉ မွ ၾသဂုတ္လ ၃ ရက္အထိ တစ္ပတ္အတြင္း ေျမျမဳပ္မိုင္းေၾကာင့္ အရပ္သား ၃ ဦးေသဆုံးခဲ့ျခင္းျဖစ္သည္။
(Photo – RRCCI)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.