Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အမျိုးသမီး ဒု-ရဲအုပ် မိသားစုနှင့်အတူ CDF- KKG ထံ အလင်းဝင်

အမျိုးသမီး ဒု-ရဲအုပ် မိသားစုနှင့်အတူ CDF- KKG ထံ အလင်းဝင်

0
By Editor on August 23, 2024 Khonumthung

(004SS)

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပတောင်းမြို့မရဲစခန်းမှ အမျိုးသမီး ဒုရဲအုပ်တစ်ဦးသည် သူမ၏မိသားစုနှင့်အတူ CDF – KKG ထံ အလင်းဝင်ရောက်လာကြောင်း ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် CDF- KKG သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

အဆိုပါအမျိုးသမီး ဒုရဲအုပ်သည် သူမ၏ အမျိုးသားနှင့် ကလေး စုစုပေါင်း ၃ ဦးတို့သည် ဩဂုတ်လ ၁၆ ရက်နေ့က CDF- KKG ထံရောက်ရှိလာခြင်းဖြစ်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း CDF- KKG သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပြီးခဲ့တဲ့ ၁၆ ရက်နေ့က ကျွန်တော်တို့ဆီရောက်လာတာ၊ သူရဲ့ အသိဆီကနေ ကျွန်တော်တို့ဆီရောက်လာတာပေါ့နော်။ သူတို့လာရတဲ့ခရီးကဝေးတယ်ဆိုတော့၊ လက်နက်ခဲယမ်းတော့ မပါဘူး၊ သူရယ်၊ သူ့ယောကျ်ားရယ် ကလေးတစ်ယောက်ရယ် ၃ ယောက်ပေါ့” ဟု ပြန်ကြားရေးတာဝန်ခံက ‌ပြောသည်။

ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း ဒုရဲအုပ် ၂ ဦးအပါအဝင် ရဲ ၆ ဦးသည် CDF-KKG ထံ လက်နက်ခဲယမ်းနှင့် အလင်းဝင်ရောက်လာကြသည်ဟု CDF-KKG ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

ထို့အပြင် သုံးပွင့်ဗိုလ်အပါအဝင် စစ်သားနှင့် ပျူစောထီးများ၊ ကျောင်းဆရာ၊ ဆရာမ များနှင့် အခြားဝန်ထမ်းများလည်း CDF-KKG ထံ အလင်းဝင်ကြသည်ဟု သိရသည်။

“ကျွန်တော်တို့ဆီမှာ မှတ်မှတ်ရရ သုံးပွင့်ဗိုလ်ရယ် စစ်သားတွေရော ပျူစောထီးတွေ၊ ကျောင်းဆရာ၊ ဆရာမတွေရော အခြားသူတွေကောပေါ့ အလင်းဝင်လာကြတယ် အဲထဲမှာ ရဲကတော်တော်နည်းတယ်။ ပြောချင်တာက တစ်ခု လိုချင်ရင် တစ်ခုစွန့်လွှတ်ရမယ်ပေါ့နော်။ ဆိုတော့ တော်လှန်ရေးကာလကလဲ ကြာလာပြီ ဆိုတော့ အမြန်ဆုံး အလင်းဝင်လာကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု CDF-KKG သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံက ပြောသည်။

CDF – KKG သည် ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသအတွင်းက လူမျိုး၊ ဘာသာ မတူညီကွဲပြားကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများထံမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး စစ်ကောင်စီ ကျဆုံးရေးကို ရှေးရှူ၍ နေရာဒေသမရွေး စစ်ရေးဖော်ဆောင်လျက်ရှိသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.