Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယမှာ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၃၈ ဦးကို ပထမသုတ်အဖြစ် နေရပ်ပြန်ပို့

အိန္ဒိယမှာ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၃၈ ဦးကို ပထမသုတ်အဖြစ် နေရပ်ပြန်ပို့

0
By Editor on May 3, 2024 Headline

(006SV)

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်း ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား အမျိုးသမီး ၃၈ ဦးကို ပထမသုတ်အနေဖြင့် နေရပ်ပြန်ပို့လိုက်ပြီးဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက ပြောသည်။

မေလ ၂ ရက်က မဏိပူရ်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာသူများထဲက ၃၈ ဦးကို အဆင့်အတန်းခွဲခြားမှုမရှိဘဲ မိုးရေးမြို့မှတဆင့် စစ်ကောင်စီအစိုးရနှင့် ပူးပေါင်း၍ ပြန်ပို့လိုက်ကြောင်း ဘီရန်ဆင်းက ၎င်း၏ X ဆိုရှယ်မီဒီယာမှ ပြောသည်။

မဏိပူရ်ပြည်နယ်တွင် သတ်မှတ်ပြစ်ဒဏ်များ ကျခံ၍ ပြန်လည် လွတ်မြောက်လာပြီး မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်ပြီးသူ ၇၇ ဦးထဲက အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ကို ရောက်ရှိနေသည့် ၃၈ ဦးကို ပထမသုတ်အဖြစ် တမူးမြို့ နယ်စပ်မှတစ်ဆင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

“၃၈ ဦးအပါအဝင် ၇၇ ဦးကို တစ်သုတ်ထဲနဲ့ ပြန်လွတ်ဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ အဲ ၃၈ ဦးက နယ်စပ်အထိ ရောက်ပြီး သာဆိုတော့ တစ်ခါထဲနဲ့ လွှဲလိုက်တဲ့ သဘော။ ဒီအခြေအနေအရဆိုရင် သူတို့နဲ့ အသုတ်တူတဲ့ ယောကျာ်းလေး ၃၉ ဦး ရှိတယ်။ တခြားသူတွေလည်း ဒီ့အတိုင်းဆက်လက် လွဲနိုင်ခြေရှိတယ်” ဟု India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။

မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးထောင်ချခံခဲ့ရသည့် မြန်မာနိုင်ငံသား ၂၃၆ ဦး ရှိပြီး ယင်းအထဲမှ အမျိုးသမီး ၃၈ ဦးကို ပထမအကြိမ်အဖြစ် စတင်ပြန်လည်ပို့ဆောင်ခြင်းဖြစ်သည်။

အိန္ဒိယအစိုးရအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာနိုင်ငံသားစစ်ဘေးရှောင်များကို စစ်ကောင်စီလက်ထဲ လွှဲပြောင်းပေးခြင်း မပြုလုပ်ရန် ချင်းအရပ်ဖက်အဖွဲ့အစည်းများက အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်လာရသော မြန်မာနိုင်ငံသားများ ကို မဏိပူရ်ပြည်နယ်အတွင်း နေထိုင်ခွင့်မပြုလိုပါက မီဇိုရမ်ပြည်နယ်နှင့် နယူဒေလီ၊ UNHCR- India ထံတွင် ခိုလှုံခွင့်ရရှိရန် သို့မဟုတ် စစ်ရှောင်များ ကိုယ်ပိုင်အစီအစဉ်ဖြင့် သွားနိုင်ရန် ကူညီပေးသင့်ပါကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပါကလည်း အဖမ်းခံရသူများ၏ အသက်လုံခြုံရေးကို ထိခိုက်စေနိုင်ပါကြောင်း India For Myanmar က တောင်းဆိုထားသည်။

စစ်အာဏာသိမ်းပြီးနောက် ချင်း၊ စစ်ကိုင်းဘက်မှ သောင်းနှင့်ချီသည့် စစ်ဘေးရှောင် ပြည်သူများသည် နယ်စပ်ကိုဖြတ်ကျော်၍ အိန္ဒိယထဲတွင် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ထို့ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် (FMR) အား ဖျက်သိမ်းမည်ဟု အိန္ဒိယအစိုးရက ပြောဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.