Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးကတဆင့် မီဇိုရမ်ဘက်သို့ ကုန်ပစ္စည်းအဝင် ယာယီပိတ်

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးကတဆင့် မီဇိုရမ်ဘက်သို့ ကုန်ပစ္စည်းအဝင် ယာယီပိတ်

0
By Editor on July 25, 2024 Headline

(005MK)

အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခေါထာရ်ကတဆင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ယနေ့ဇူလိုင် ၂၅ ရက်ကစ၍ ကုန်ပစ္စည်းတင်သွင်းခွင့် ယာယီပိတ်ထားသည်ဟု သိရသည်။

ရိ-ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် ကွမ်းသီးခြောက်များ တရားမဝင်တင်သွင်းနေသည့်ကိစ္စနှင့် ပတ်သက်၍ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Bureau Investigation – CBI) အဖွဲ့ ဇိုခေါထာရ်ကျေးရွာသို့ ယနေ့ ရောက်ရှိလာမည့်အတွက် ကုန်ပစ္စည်းအဝင်အားလုံးကို အကောက်ခွန်ဌာနက ပိတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့မနက်ပိုင်းကစ၍ နှစ်နိုင်ငံ နယ်စပ်နေပြည်သူများသည် ဟိုဘက်ဒီဘက်အဝင်/အထွက်နှင့် တနိုင်တပိုင် စားသောက် ကုန်များသယ်ယူခွင့်ရသော်လည်း စီးပွားဖြစ်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်၍မရကြောင်း သိရသည်။

ယခုကဲ့သို့ ကုန် ပစ္စည်းများ ယာယီပိတ်ပင်မှုသည် မည်သည့်အချိန်ထိကြာမြင့်မည်ကို ပြောဆိုမရသေးကြောင်း ဒေသတွင်းသတင်းမှာ ဖော်ပြထားသည်။

ရိ-ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် မြန်မာဘက်က ကွမ်းသီးခြောက်များ မီဇိုရမ်ပြည်နယ်ကို ဖြတ်၍ အိန္ဒိယပြည်မဘက်သို့ အလုံးအရင်းဖြင့်တရားမဝင်တင်သွင်းမှုရှိနေသည်ဟုတိုင်းကြာချက်အပေါ် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုအဖွဲ့က လာရောက်စုံစမ်းခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာဘက်က ကွမ်းသီးခြောက်များကို အကောက်ခွန်ဌာနတွင် အခွန်ဆောင်ကာ တရားဝင်လမ်းကြောင်းဖြင့် သယ်ယူခွင့်ရှိသော်လည်း ကွမ်းသီးကုန်သည်အများစုမှာ အခွန်အခနှုန်းထား မြင့်တက်သည့်အတွက် မှောင်ခိုလမ်းကြောင်းဖြင့် သယ်ယူလေ့ရှိကြပြီး မီဇိုရမ်ရဲတပ်ဖွဲ့က နေ့စဉ်နီးပါးဖမ်းဆီးရမိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများ ဖမ်းမိဟု CB ထုတ်ပြန်

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.