Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ဆန့်ကျင်ကြောင်း MZP ထုတ်ပြန်

အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ဆန့်ကျင်ကြောင်း MZP ထုတ်ပြန်

0
By Editor on May 2, 2025 Khonumthung

(005MK)

အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်အကြား ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ဆက်လက် ဆန့်ကျင်သွားမည်ဟု မီဇိုးကျောင်းသားသမဂ္ဂ (MZP) ထုတ်ပြန်သည်။

ယနေ့ မေလ ၂ ရက်နေ့တွင် မီဇိုးကျောင်းသားသမဂ္ဂ (MZP) ၏ ဒုတိယအမြင့်ဆုံး Federal Council Sitting ၅၈ ကြိမ်မြောက် အစည်းအဝေးကို မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ MZP အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြပြီး အိန္ဒိယ-မြန်မာနယ်စပ်အရေးနှင့်ပတ်သက်၍ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီစဉ်သည် ချင်း(ဇိုး)မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းရေးအတွက် အဟန့်အတားဖြစ်လာနိုင်သောကြောင့် MZP အနေဖြင့် ဆက်လက်ဆန့်ကျင်သွားမည်ဟု ၎င်းတို့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှရောက်ရှိလာကြသော စစ်ဘေးရှောင်များအပေါ် မကြည်ဖြူမှုများပြင်းထန်လာပြီး စစ်ဘေးရှောင်များနာမည်ပျက်စေရန် မဟုတ်မမှန်သတင်းများဖြင့်တိုက်ခိုက်မှုများလည်း မြင့် တက်နေသည်ဟု MZP ပြောသည်။

ထို့ကြောင့် စစ်ဘေးရှောင်များအား တိုက်ခိုက်သောသတင်းများကို ပြည်သူများအနေဖြင့် သေချာစိစစ်ကြရန် နှင့် ချင်း(ဇိုး) မျိုးနွယ်စုများ စည်းလုံးညီညွတ်မှုပြိုကွဲစေနိုင်သောအရာများကို သတိထားဂရုစိုက်ပေးကြရန် MZP ဥက္ကဌ Pu H. Lalthianghlima ကပြောဆိုသည်။

အိန္ဒိယဗဟိုအစိုးရသည် Free Movement Regime (FMR) စနစ်ကိုဖျက် သိမ်းပြီးနောက် ကီလိုမီတာ ၁၆၀၀ ကျော် ရှည်လျားသော အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်ကို ခြံစည်းရိုးခတ်ရန် ပြင်ဆင်နေပြီး မဏိပူရ်နယ်စပ်ဘက်တွင် စတင်နေပြီဖြစ်သည်။

အိန္ဒိယဗဟိုအစိုးရသည် ပြီးခဲ့သည့်ဧပြီလ ၁၅ ရက်နေ့က မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြ သော ဗဟိုမီဇိုးလူငယ် အဖွဲ့အစည်း ( CYMA ) ၊ မီဇိုးကျောင်းသား များအသင်း ( MZP ) ၊ Zo ReUnification Organization – ZORO ၊ Mizo Hmeichhe Insuihkhawm Pawl – MHIP နဲ့ မီဇိုးကျောင်းသားများသမဂ္ဂ ( MSU ) မှတာဝန်ရှိသူ များကို နယူးဒေလီမြို့သို့ ခေါ်ယူတွေဆုံကာ အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့် အစီစဉ်ကို လက်ခံပေးကြရန် နှင့် ဆန့်ကျင်ကန့်ကွက်ခြင်းမျိုးမလုပ်ကြရန် စည်းရုံးခဲ့သည်။

Zo ReUnification Organization – ZORO အဖွဲ့ကလည်း Free Movement Regime (FMR) စနစ်ကို ဖျက်သိမ်းပြီး အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်ကို ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို အဆုံးတိုင်ဆန့်ကျင်သွား မည်ဟု မကြာသေးခင်ရက်ပိုင်းက ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.