• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ် ဇိုးခေါထားကျေးရွာကို အသွားလာကန့်သတ်နယ်မြေအဖြစ် သတ်မှတ်

အိန္ဒိယ-မြန်မာနယ်စပ် ဇိုးခေါထားကျေးရွာကို အသွားလာကန့်သတ်နယ်မြေအဖြစ် သတ်မှတ်

0
By Editor on May 7, 2021 Khonumthung

ရစ်ချက် – ချင်းပြည်နယ်နဲ့ထိစပ်နေသည့် မီဇိုရမ်ပြည်နယ် Zokhawthar (ဇိုးခေါထား) ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မြင့်တက်လာသောကြောင့် မေလ ၅ ရက်နေ့ကစပြီး Containment Area (ထိန်းချုပ်ကန့်သတ်နယ်မြေ)အဖြစ် သတ်မှတ်ထားလိုက် ကြောင်း သိရသည်။

ဇိုးခေါထားကျေးရွာအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုအခြေအနေကို သေသေချာချာ လိုက်လံစစ်ဆေးဖို့ လိုအပ်သောကြောင့် ယခုလို သတ်မှတ်ထားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“မေလ ၅ ရက်နေ့က ဇိုးခေါထားရွာမှာ ပိုးတွေ့လူနာသစ် ၅ ဦး တွေ့တယ်။ လက်ရှိအခြေနေမှာ အိမ်ထောင်စု ၁၇ စု လောက် Home Quarantine လုပ်ထားရတယ်။ Containment Area အဖြစ် သတ်မှတ်ထားတော့ ဘယ်မှ သွားမရ တော့ဘူး။” လို့ ပြောသည်။

ဇိုးခေါထားကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ်ဒေသ မီဇိုရမ်ပြည်နယ်တွင် တည်ရှိသောကျေးရွာဖြစ်သည်။ အိန္ဒိယ-မြန်မာနယ်စပ်ရှိ အဓိကအချက်ကျသော စီပွားရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး လက်ရှိအခြေအနေတွင် ဇိုခေါထား ကျေးရွာကို ဖြတ်ကျော်ပြီး မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်များ အဓိက ဝင်ရောက်နေသော ကျေးရွာ လည်း ဖြစ်သည်။

မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိသည့်အချိန်ကစပြီး မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုးခေါထားကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၂၄ ဦးရှိပြီဖြစ်ကြောင်းနှင့် အဆိုပါ ၂၄ ဦးအနက် ၂ ဦးမှာ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်ထဲက ဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် လက်ရှိ မေလ ၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ ၆၉၆၄ ဦးရှိသည့်အနက် ၅၃၅၁ ဦး ပျောက်ကင်းသွားပြီဖြစ်သည်။ လက်ရှိတွင် ကုသဆဲလူနာ ၁၅၉၆ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ၁၇ ဦး သေဆုံးပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.