Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယတစ်နိုင်ငံလုံး Lockdown ထပ်တိုးလိုက်ခြင်းကြောင့် ချင်းဒုက္ခသည်များ အခက်ကြုံ

အိန္ဒိယတစ်နိုင်ငံလုံး Lockdown ထပ်တိုးလိုက်ခြင်းကြောင့် ချင်းဒုက္ခသည်များ အခက်ကြုံ

0
By Editor on March 26, 2020 Khonumthung

#Zawgyi

By မိုးကျော် – ကမ္ဘာတစ်လွှားဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် COVID 19 ကူးစက်ပြန့်ပွားမှုမှ တားဆီးကာကွယ်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံးတွင် Lockdown ချလိုက်ခြင်းကို မတ်လ ၂၄ ရက်နေ့ညကစပြီး ရက်ပေါင်း ၂၁ ရက်အထိ အိန္ဒိယအစိုးရက ရက်ထပ်တိုးလိုက်ခြင်းကြောင့် အိန္ဒိယရောက်မြန်မာနိုင်ငံသားများ အခက်တွေ့နေကြရကြောင်းသိရသည်။

ထို့ကဲ့သို့ Lockdown ချလိုက်ခြင်းကြောင့် အိန္ဒိယနိုင်ငံ နယူးဒေလီတွင်ရောက်ရှိနေကြသည့် ဒုက္ခသည်ချင်းလူမျိုးများ စားဝတ်နေရေးအတော်လေးအခက်အခဲဖြစ်လာကြသည်ဟု နယူးဒေလီရှိ Refugee အရေး လုပ်ဆောင်ပေးနေသော CHRO တာဝန်ခံ Salai Cung Dawt က ပြောသည်။

“ကျနော်တို့ Refugee တော်တော်များများက Company, Local Factory တွေမှာ အလုပ်လုပ်တဲ့သူတွေများတယ်။ ခုဆိုရင် အလုပ်လုပ်လို့လည်းမရတော့ဘူး။ ညဘက်အလုပ်လုပ်တဲ့သူတွေလည်း အတော်များများရှိကြတယ်၊ သူတို့လည်း အလုပ်မလုပ်နိုင်ကြ တော့ဘူး။ ဒီတော့ စားဝတ်နေရေး နှင့် အိမ်ငှားခပေးစရာမရှိတဲ့သူတွေ ရှိတယ်။ ကျနော်တို့ Refugee ဆိုတာ တနေ့ လုပ်မှတနေ့စားရတဲ့ဘဝပါ၊ တစ်ရက်နှစ်ရက်လေးမှာတောင် ပြဿနာကစလာပြီ စားကုန်တွေ ကြိုတင်ဝယ်ယူမစုစောင်းနိုင်တဲ့သူ၊ လကုန်လို့ အိမ်ငှားခမပေးနိုင်ရင် မောင်းထုတ်ခံရမလား စိုးရိမ်ရတယ်” ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောပြသည်။

ဆက်ပြီးသူက “ကျနော်တို့ Refugee တွေထဲမှာ သြစတေးလျ ဗီဇာစောင့်တဲ့သူ တော်တော်များများရှိတယ်၊ မတ်လ ပထမပတ်တုန်း ကတော့ သတင်းကောင်းကို ကြားရတယ် အင်တာဗျူးခေါ်တဲ့သူတွေလည်းရှိတယ်။ မတ်လကုန်ပိုင်းဆိုရင် ဗီဇာရတဲ့သူများမယ်လို့ ခန့်မှန်းထားတယ်။ ခုတော့ ဒီပြဿနာကြောင့် အကုန်ပိတ်လိုက်တော့ ဘယ်လိုဆက်ဖြစ်လာမလဲဆိုပြီး စိတ်ပူနေရတယ်။” ဟုပြောသည်။

အလားတူ အိန္ဒိယနိုင်ငံရှေ့မြောက်ပြည်နယ် မီဇိုရမ်ရှိ မြန်မာနိုင်ငံသားများလည်း အခက်တွေ့ကြုံ နေကြရကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် လာရောက်အလုပ်လုပ်ကိုင်နေသော မြန်မာယက္ကန်းသမားများတွင်လည်း လက်ရှိအခြေအနေတွင် ကြီးကြီးမားမား အခက်အခဲမရှိသေးသော်လည်း ရှိလာနိုင်ဖွယ်ရှိကြောင်း မြန်မာလူမှုရေးအသင်းတာဝန်ရှိသူတစ်ဦးက ယခုလို ပြောပါတယ်။

“မြန်မာလူမျိုးတွေက ဒေသခံစကားမတတ်တော့ အပြင်မထွက်ရအမိန်ထုတ်ကြေငြာသော်လည်း အပြင်ထွက်တဲ့သူတွေရှိတယ်။ အဲဒါကအစ လိုက်ပြီး စော်အောနေရတယ်။ စားကုန်တွေဝယ်စုစောင်းခိုင်းထားတယ်။ လောလောဆယ်တော့ အဆင်ပြေနေပြီမဲ့ ကြာလာရင်တော့ အတော်လေး အခက်တွေ့လာနိုင်တယ်။”

အိုင်ဇောလ်မြို့သည် မြန်မာနိုင်ငံသားများ အထူးသဖြင့် ချင်းလူမျိုးများ သောင်းနှင့်ချီနေထိုင်ကြသည့်မြို့ဖြစ်ပြီး ယခုကဲ့သို့ COVID 19 ကြောင့် တစ်ပြည်နယ်လုံး Lockdown ချလိုက်သည့်အတွက် ၎င်းတို့၏ အလုပ်အကိုင်၊ စားဝတ်နေရေးနှင့် ၀င်ငွေများ ထိခိုက်လာနိုင်သည်။

#Unicode

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အမျိုးသားတော်လှန်ရေးဆင်နွှဲမှုတွင် ရန်ပုံငွေ ထည့်ဝင်၍ ပံ့ပိုးပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်

ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

Leave A Reply Cancel Reply

The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.