• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာ နယ်စပ်တွင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကိစ္စများ ဆွေးနွေး

အိန္ဒိယ-မြန်မာ နယ်စပ်တွင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကိစ္စများ ဆွေးနွေး

0
By Editor on May 10, 2019 Headline

By မိုး​ကျော်​ – ချင်းပြည်နယ်ကို ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မစ္စတာ ဆော်ရက်(ဘ်) ကူမား နှင့် မီဇိုရမ်ပြည်နယ် chief secretary(ပြည်​နယ်​အတွင်း​ရေးမှူး) Lalnunmawia Chuaungo ​တို့  ​မေလ ၈ ရက်​​နေ့က ရိခေါ်ဒါရ်မြို့တွင် တွေ့ဆုံးခဲ့ရာ နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံအစိုးရအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ချင်းပြည်နယ် တီးတိန် နယ်စပ်လမ်းအား အမြန်ဆုံး ဆောင်ရွက်သွားရန်၊ Indo-Myanmar Friendship Bridge ခေါ် အိန္ဒိယ-မြန်မာနယ်စပ် တံတားအား ကြီးမားပြီး ခိုင်ခံသော တံအားအသစ်တည်ဆောက်သွားရန် နှင့် တရားဝင်စနစ်တကျ နှစ်နိုင်ငံကုန်သွယ်သွားလာခွင့် ရှိရေး စသည့်ကဏ္ဍများ အဓိကထား ဆွေးနွေးခဲ့ကြကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

ယင်း​ဆွေးနွေးခဲ့ကြသည့် ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယဗဟို အစိုးရ Ministry of External Affairs ထံ တင်ပြပြီး ၄င်းမှတဆင့် မီဇိုရမ်ရှိ Bilateral Trade Potential ကိစ္စနဲ့ပတ်သက်ပြီး Joint seminar တစ်ရပ်ကို အမြန်ဆုံး ပြုလုပ်သွားမည်ဟုလည်း ဖော်ပြသည်။

ထို့ အပြင် ဘိုးဘေးများ အထွဋ်အမြတ်ထားရှိပြီး အမွေအနှစ်တစ်ခုဖြစ်သည့် ရိရေကန်သို့ လည်ပတ်သွားလာရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဖြေရှင်းပြီး တရားဝင် အလွယ်တကူသွားရောက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်​။

ချင်းပြည်နယ်သို့ ၅ ရက်ကြာ လေ့လာကြည့်ရှုဖို့ ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မစ္စတာ ဆော်ရက် (ဘ်) ကူမားသည် အိန္ဒိယအစိုးရရံပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းအခြေအနေများကို အဓိက လာရောက် ကြည့်ရှု့လေ့လာခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှတဆင့် ကုန်ဝင်ကုန်ထွက်များကို တရားဝင်အတိုင်းပြုလုပ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားမဝင် ကုန်သွယ်မှုများကို ပိုမိုပြီးကြပ်မတ်ဆောင်ရွက်သွားလိုဖို့အပ်ကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.