• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»သေဆုံးသွားသည့် ကျောင်းဆရာမ ဒိမ့်လွန်းမန်အတွက် ချင်းပြည်နယ်ပညာရေးဝန်ထမ်းများမှ သိန်း (၆၀) ကျော် ထောက်ပံ့ငွေပေးအပ်

သေဆုံးသွားသည့် ကျောင်းဆရာမ ဒိမ့်လွန်းမန်အတွက် ချင်းပြည်နယ်ပညာရေးဝန်ထမ်းများမှ သိန်း (၆၀) ကျော် ထောက်ပံ့ငွေပေးအပ်

0
By Editor on December 5, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ် ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ တွီးဗျဲလ်ဇန်ကျေးရွာ အခြေံပညာမူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရင်း အသတ်ခံခဲ့ရသည့် ဆရာမဒိမ့်လွန်းမန်၏ ကျန်ရစ်သူမိသားစုများအတွက် ချင်းပြည်နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများမှ စုပေါင်း၍ ကျပ်သိန်း (၆၀) ကျော်ကို ဒီဇင်ဘာလ (၄) ရက်နေ့က သွားရောက်ပေးအပ်ခဲ့ကြသည်။

ချင်းပြည်နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများသည် ဆရာမဒိမ့်လွန်းမန်အတွက် မိမိတတ်နိုင်သည့် ငွေကြေးပမာဏကို စုပေါင်းထည့်ဝင်ခဲ့ကြပြီး ချင်းပြည်နယ် ပညာရေးမှူးကိုယ်စား ဖလမ်းခရိုင်ပညာရေးမှူး ဒေါ်မာလာရီက ချင်းပြည်နယ် ခိုင်ကမ်းမြို့တွင်နေထိုင်သော ဆရာမဒိမ့်လွန်းမန်၏ မိခင်ထံသို့သွားရောက်ပေး အပ်ခဲ့ခြင်းဖြစ်သည်။

“ကျမတို့ကနေပြီးတော့ ဒီမြို့နယ်အားလုံးကို ဆရာမလေးဒီလိုမျိုးဖြစ်သွားတယ် အဲအတွက်ကျမတို့က ဒီဆရာမလေးကို ကျမတို့တတ်နိုင်သလောက် ဘယ်သူ့ကိုမှ ကန့်သတ်ချက် သတ်မှတ်ချက်မပေးပါဘူး ပြည်နယ်ပညာရေးမှူးကလည်း သတ်မှတ်ချက်လုံးဝမထားပါနဲ့လို့ ညွှန်ကြားခဲ့တဲ့အတွက်ကြောင့် ဒီမြို့နယ်အားလုံးက ပညာရေးဝန်ထမ်းတွေအားလုံး အကုန်လုံးကနေပြီးတော့မှ တတ်အားသရွေ့ ပေါင်းပြီးတော့မှ ပေးတာပါရှင့်” ဟု ဖလမ်းခရိုင်ပညာရေးမှူး ဒေါ်မာလာရီကပြောသည်။

ဆရာမ ဒိမ့်လွန်းမန်၏ ကျန်ရစ်သူမိသားစုများအတွက် ချင်းပြည်နယ်မြို့နယ်အားလုံးမှ ပညာရေးဝန်ထမ်းများ၏ စုပေါင်းပေးအပ်သည့် ငွေကြေးပမာဏမှာ ကျပ်သိန်း ၆၆၂၈၀၀၀/- ရှိသည်။

အသက် (၂၇) နှစ်အရွယ် ဆရာမဒိမ့်လွန်းမန်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့ည (၉း၃၀) အချိန်က အိန္ဒိယနိုင်ငံ၊ မဏိပူရ် ပြည်နယ်သား၊ ကသည်းလူမျိုး၊ ဘိနော် ဆိုသူမှ သူမ၏နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖလမ်းခရိုင်ပညာရေးမှူး ဒေါ်မာလာရီက “ဆရာမလေးက အသက်ငယ်ရွယ်ပြီးတော့ ပညာရေးဌာနကို ၀င်ရောက်တာမကြာသေးပေမယ့် သူမဘ၀မှာ သူ့ရဲ့အသက်ကိုတောင် ပဓာနမထားပဲနဲ့ ကာကွယ်စောင့်ရှောက်ခဲ့တယ်ဆိုတဲ့ဟာကို ဆရာမလေးကနေပြီးတော့ သက်သေပြသွားတာပေါ့” ဟု ပြောသည်။

ဆရာမသေဆုံးမှုနှင့်ပတ်သက်၍ ချင်းပြည်နယ်လူမှုရေးဝန်ကြီးဌာနနှင့် ပြည်နယ်ပညာရေးမှူးဌာနတို့မှ ထောက်ပံ့ငွေ ကျပ် ၆ သိန်းတိတိပေးအပ်ခဲ့ကြောင်း၊ မဏိပူရ်ပြည်နယ်မှ ကသည်းလူမျိုးများ ချင်းပြည်နယ်အတွင်း တရားမ၀င်အခြေချနေထိုင်မှုသည် ပြည်နယ်အဆင့်အနေဖြင့် ဖြေရှင်း၍မရကြောင်း ပြည်ထောင်စုအဆင့်ဖြင့် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။

“ဒါ ကျတော်တို့ ZCD ပါတီအနေနဲ့လည်း ၂၀၁၃ သမ္မတဦးသိန်းစိန်လက်ထက်တုန်းကတည်းက တင်ပြပြီးသားဖြစ်တယ် အဲဒီ ကသည်းကိစ္စက ကျနော်တို့ ပြည်ထောင်စုအဆင့်နဲ့ ပတ်သက်တာဖြစ်သွားတယ် ပြည်နယ်အဆင့်နဲ့ လုပ်လို့တော့မရဘူး အဲဒါကြောင့် ဒါ နိုင်ငံတော်ရဲ့လုပ်ပိုင်ခွင့်ထဲဖြစ်သွားတော့ ကျနော်ထင်တယ် ကျနော်တို့အဆင့်နဲ့တော့ ဘာမှလုပ်လို့မရဘူး” ဟု ၀န်ကြီးဦးပေါင်လွန်မင့်ထန်ကပြောသည်။

မူလတန်းပြဆရာမ၏ သေဆုံးမှုနှင့်ပတ်သက်၍ ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့က လူထုအင်အား ၅၀၀ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဆရာမဒိမ့်လွန်းမန်အတွက်တရားမျှတမှုနှင့် အမှန်တရားပေါ်ပေါက်ရေး၊ ဆရာမ၏ လူ့ဂုဏ်သိက္ခာချပြောကြားနေသူများကို အရေးယူပေးရေး၊ ချင်းပြည်နယ်နှင့် ကဘော်ဒေသအတွင်း တရားမ၀င်နေထိုင်သည့် မဏိပူရ် ကသည်းများ အရေးယူပေးရေးစသည့်အချက်များတောင်းဆိုခဲ့ကြသည်။ (ဓာတ်ပုံ- ခိုင်ကမ်း ပြန်ဆက်)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ရွာဟောင်းတွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၇ လုံး လောင်ကျွမ်းပြာကျ

ဇိုးတုန်နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.