(002MG)
စစ်အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း ချင်းပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းပိုက်ခဲ့ကြပြီး စစ်ကောင်စီက ရဲစခန်း ၁၂ ကိုလည်း စွန့်လွှတ်ခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) ကထုတ်ပြန်သည်။
၂၀၂၁ ခုနှစ်ဖော်ဖော်၀◌ါရီလ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၃ နှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီ နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲပေါင်း ၉၀၀ ကျော်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီ၏ အမာခံခြေကုပ်ယူထား သောစခန်းများအပါအ၀◌င် တပ်စခန်းပေါင်း ၂၄ ခုကို သိမ်းပိုက်နိုင်ခဲ့ကြသည်ဟု ဖေဖော်၀◌ါရီလ ၁ ရက်နေ့ကထုတ်ပြန် သော ချင်းရေးရာအဖွဲ့ချုပ်၏ အစီရင်ခံစာတွင်ဖော်ပြသည်။
ချင်းပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်နှင့် ရဲစခန်းများမှာ ကန်ပက် လက်မြို့နယ်ထဲက မကွီအိမ်နူးရဲစခန်း၊ ထန်တလန်မြို့ရဲစခန်းနှင့် လုံလဲရ်တပ်စခန်း၊ ဖလမ်းမြို့နယ် ဗာရ်တပ်စခန်း၊ ရိခေါဒါရ်အမှတ်(၁) နှင့် (၂)တပ်စခန်း၊ သွီဘွာလ်တပ်စခန်း၊ ထင်းရှူးတပ်စခန်း၊ ခမ်းပတ်မြို့ရဲနှင့်တပ်စခန်း၊ တီးတိန်မြို့ နယ်ထဲက ကနေဒီ တောင်တပ်စခန်းနှင့် သိုင်းငင်းတပ်စခန်း၊ မတူပီမြို့နယ်ထဲက လိုင်းလင်းပီမြို့တပ်စခန်း၊ ရေဇွာတပ် စခန်း၊ ထယ်ဘွေ တပ်စခန်း၊ ဟားခါးမြို့နယ်ထဲက ဘုံဇုံးတပ်စခန်း၊ ပလက်၀မြို့နယ်ထဲက တရွန်အိုင်ဗျူဟာကုန်းတပ် စခန်း၊ နူံးဘူးဗျူဟာကုန်းတပ်စခန်း၊ ပွိုင့်(၃၇၇) ခ၀◌ဲဗျူဟာကုန်းတပ်စခန်း၊ ရှင်းလက်၀တပ်စခန်း၊ တောင်ရှည် ဗျူဟာတပ်စခန်း၊ ခလရ(၂၈၉) တပ်ရင်းဌာနချုပ်၊ ခန်ခတောင်ဗျူဟာတပ်စခန်း၊ မီး၀တပ်စခန်း နှင့် နှမဒါဗျူဟာတပ်စ ခန်းတို့ဖြစ်သည်ဟု ချင်းရေးရာအဖွဲ့ချုပ်ကဖော်ပြသည်။
ပလက်၀မြို့နယ်က စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ခြင်းဖြစ်ပြီး ကျန်မြို့နယ်မှ တပ်စခန်း များကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်ထားခြင်းဖြစ်သည်။
ထို့အပြင် စခန်းသိမ်းစရာမလိုဘဲ စစ်ကောင်စီတပ်ဖွဲ့များက အလိုအလျှောက်စခန်းစွန့်သွားသည့် ရဲစခန်းမှာလည်း ချင်းပြည်နယ်တွင် ၁၂ ခုအထိရှိခဲ့သည်ဟု ဆိုသည်။ ယင်းတို့မှာ ဆူရ်ခွာမြို့ရဲစခန်း၊ နာရိန်းမြို့ရဲစခန်း၊ ဝန်းသိုတပ်စခန်း ၊ဆာဘောင်သဲရဲစခန်း၊ ဝေဘုလရဲစခန်း၊ ဒါရ်ခိုင်ရဲစခန်း၊ သံတောင်ရဲစခန်း၊ လုံငိုစခန်း၊ ရမ်းကြီးရဲစခန်း သီးကီးရ် စခန်း၊ မွောင်တလန်းရဲစခန်း၊ ကပ်သဲလ်စခန်းတို့ဖြစ်သည်။
ထိုအခြေအနေများကို ကြည့်ခြင်းအားဖြင့် ချင်းပြည်နယ်အတွင်း ၇၅ ရာခိုင်းနှုန်းကျော်ကို ချင်းတော်လှန်ရေးအင်အား စုများက ထိန်းချုပ်နိုင်ပြီဖြစ်သည်ဟု ချင်းရေးရာအဖွဲ့ချုပ် ICA ကဆိုပါသည်။