Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးတောင်ပိုင်းကို စစ်ကောင်မရှင်တပ်က စစ်ကြောင်းထိုး၊ ကျွန်းချောင်းရွာနေအိမ်တချို့ကိုမီးရှို

ကလေးတောင်ပိုင်းကို စစ်ကောင်မရှင်တပ်က စစ်ကြောင်းထိုး၊ ကျွန်းချောင်းရွာနေအိမ်တချို့ကိုမီးရှို

0
By Editor on October 27, 2025 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်ဖွဲ့သည် ယနေ့အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျွန်းချောင်းကျေးရွာကို ဝင်ရောက်ပြီး နေအိမ်တချို့မီးရှိုသွားသည်ဟု သိရသည်။

ကလေးမြို့နည်းပညာတက္ကသိုလ်-GTC ကျောင်းဝန်းအတွင်းအခြေချတပ်စွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့သည် အင်အား ၁၀၀ ကျော်ဖြင့် ယနေ့တွင် ထောက်ကြံရွာမြောက်ဖက် ကျွန်းချောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးကာ နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် နေအိမ်တချို့ကို မီးရှိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မနေ့က တနေကုန်မြောက်ဖက်ကနေ နည်းပညာ တက္ကသိုလ်ဖက်ကို ကား (၁၅) စီးနဲ့ လက်နက်ခဲယမ်းတွေ၊ အမြောက်တွေကော ပါတယ်။ ဒီမနက်တော့ ဒရုန်းတွေနဲ့ ဗုံးတွေချနေတယ်၊ ဒရုန်းနဲ့ ချလိုက် ပစ်လိုက် တိုးလိုက်ပဲ” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် ယမန်နေ့ အောက်တိုဘာလ (၂၆) ရက်နေ့လယ်ပိုင်းမှာ ကလေးမြို့မှ စစ်ကား (၂၁) စီးဖြင့် လက်နက်ခဲ ယမ်း၊ ရိက္ခာများနှင့် အင်အားအများအပြားကို နည်းပညာတက္ကသိုလ်ဝန်းအတွင်း ဖြည့်တင်းခဲ့သည့်အပြင် ညနေပိုင်းတွင် သံပြားကာ (၃) စီးအပါအဝင် ကားကြီး (၁၀) စီးဖြင့် ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများ၊ ၁၂၀ မမ၊ ၁၀၅ မမ လက်နက် ကြီးများနှင့် ဆက်စပ်ကျည်သေတ္တာများဖြည့်တင်းခဲ့သည်ဟု သိရသည်။

ထိုကဲ့သို့ စစ်အင်အားဖြည့်တင်းပြီးနောက် ယနေ့အောက်တိုဘာလ ၂၇ ရက်နေ့တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကျေးရွာပေါင်း ၁၅ ရွာက ပြည်သူထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

ချင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဇွန်လထဲ အမျိုးသမီး ၃ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံး၊ ၁၇ ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.