Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးတောင်ပိုင်းတွင် စကစ နှင့် PDF-Kalay တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား စကစတပ်သား ၈ ဦးခန့်သေဆုံး

ကလေးတောင်ပိုင်းတွင် စကစ နှင့် PDF-Kalay တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား စကစတပ်သား ၈ ဦးခန့်သေဆုံး

0
By Editor on September 4, 2021 Headline

ကလေးမြို့တောင်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီမှ ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး PDF (kalay) နှင့် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

စကစ တပ်ဖွဲ့ဝင်များက ယမန်နေ့ ကလေးမြို့နယ်တောင်ပိုင်း အင်းကျွန်း၊ ရေရှင်ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး နေအိမ်များအားမွှေနှောက်ဖျက်စီးမီးရှို့ခဲ့ကြကာ လယ်ခြားရွာ ဘက်သို့ ယနေ့ဆက်လက်ဦးတည်လာရာ နံနက် ၉ နာရီခန့်မှစတင်ပြီး နေ့လည် ၁၁ နာရီအချိန်ခန့်ထိ လယ်ခြားရွာအနီး၌ PDF (Kalay) တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါသည်။

မြေပြင်သတင်းအရ ယမန်နေ့မှစ၍ ယနေ့ နေ့လည်အချိန်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၈ ဦး သေဆုံးပြီး၊ PDF (Kalay) တပ်ဖွဲ့ဝင် ၃ ဦး လက်နက်ကြီးအစအန ထိမှန် ဒဏ်ရာရထား‌ကြောင်းသိရသည်။

PDF (kalay) မှ တာဝန်ရှိသူတစ်ဦးက ” အခုကဆုတ်နေကျတာ ကာပစ်ရင်နဲ့နေတာပေါ့နော် ဖြည်းဖြည်းခြင်းတော့ဆုတ်နေကြတာ သူတို့ အင်အားမမျှတာပေါ့နော် အင်အားကတအားများတယ် စစ်ကြောင်းကနှစ်ကြောင်းခွဲထားတာပေါ့နော်၊ ရွာသူရွာသားတွေ ဒီဘက်လွတ်တဲ့နေရာမှာရှောင်ကြတယ် PDF တပ်ဖွဲ့တွေကလည်း အကုန်လုံးကူညီကြတယ် လူကြီးတွေလည်းရွေ့ပေးနေတယ် အခုသူတို့ရှိသေးတယ် ဒီဘက်လယ်ခြားတို့တွေမှာလည်းရှိသေးတယ် သူတို့ဘက်ကလည်း (၈) ယောက်ကျထားတယ် နောက်ဆုံးကျတော်တို့ သတင်းရတာကတော့ လယ်ခြားကိုဝင်နေပြီလို့ကြားတယ် သူတို့ကတိုးနေတုန်း အင်အား (၂၀၀) ကျော်တယ် (၃၀၀) နီးပါးလောက်တော့ဖြစ်မယ် နှစ်ကြောင်းခွဲလာတယ် တင်သားဘက်ကတစ်ကြောင်း ရေရှင်ဘက်ကတစ်ကြောင်း အဲလိုမျိုးခွဲလာတာ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ကာ လယ်ခြား၊ ကုက္ကိုလ်နှင့် ရှားတော ကျေးရွာများအား ဝင်ရောက်စီးနင်းပြီး ကျေးရွာပြည်သူတို့၏ နေအိမ်များကို မွှေနှောက်ဖျက်စီးလျက်ရှိ‌သည်။

ရှားတောရွာအတွင်း နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးပြီး စစ်ကောင်စီတပ်ဖွဲ့များ၏အကြမ်းဖက်ရန်ပြုမှုမှ ကျေးရွာနေပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်‌ပြေးနေကြရာတွင်လည်း PDF(Kalay) တပ်ဖွဲ့ဝင်များက လိုက်ပါစောင့်ရှောက် ကာကွယ်ပေးလျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.