Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး ၄ နှစ်ကြာ တော်လှန်ရေးတွင် CDF ဟားခါးမှ ရဲဘော် ၅၀ ကျော် ကျဆုံး

ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး ၄ နှစ်ကြာ တော်လှန်ရေးတွင် CDF ဟားခါးမှ ရဲဘော် ၅၀ ကျော် ကျဆုံး

0
By Editor on March 21, 2025 Khonumthung

စစ်ကောင်စီရုံးစိုက်ရာ ဟားခါးမြို့တွင်း စစ်ဆင်ရေး ၁၅၀ ဖော်ဆောင်ခဲ့ဟုဆို

(006SV)

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကိုယ်ပိုင်ဌာန်းခွင့်ရရှိရေးအတွက် CDF – ဟားခါး၏ စစ်အာဏာရှင်တော်လှန်ရေး ၄ နှစ်အတွင်း ရဲဘော် ၅၀ ဦးကျော် ကျဆုံးခဲ့ပြီး ရဲဘော် ၁၈၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။

စစ်အာဏာသိမ်းအပြီး ၂၀၂၁ မတ်လ ၂၁ ရက်တွင် CDF ဟားခါးကို စတင်ဖွဲ့စည်းခဲ့ပြီး နွေဦးတော်လှန်ရေးတွင် ပါဝင်လာခဲ့ရာ စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၃၂၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု CDF – ဟားခါးက ယနေ့ မတ်လ ၂၁ ရက် တော်လှန်ရေး ၄ နှစ်ပြည့် ထုတ်ပြန်လိုက်သည်။

တိုက်ပွဲများတွင် နိုင်ငံနှင့် လူမျိုးအတွက် CDF – ဟားခါး ရဲဘော် ၅၂ ဦး ကျဆုံးခဲ့ရပြီး ၁၈၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ ပြည်နယ်အစိုးရ ရုံးစိုက်ရာ ဟားခါးမြို့တွင်း စစ်ဆင်ရေးကို အကြိမ်ပေါင်း ၁၅၀ တိုက်ပွဲဖော်ဆောင်နိုင်ခဲ့ပြီး ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီ ထိုးစစ်ဆင်လာမှုအနေဖြင့် ၁၉ ကြိမ် ရှိခဲ့ရာ ၁၇ ကြိမ်မှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်ဟု သိရသည်။

အခြားသော မြို့နယ်များတွင် စစ်ကောင်စီ၏ စခန်းနှင့် မြို့သိမ်းစစ်ဆင်ရေးများတွင်လည်း တော်လှန်ရေးအင်အားစုများနှင့်အတူ ၁၂ ကြိမ် ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ပစ်ခတ်မှုတွင် ၈ ကြိမ် ပါဝင်ဆင်နွှဲခဲ့သည်ဟု သိရသည်။

တော်လှန်ရေး ၄ နှစ်တာမှာ ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၂၆၀ မှာ မီးရှို့ဖျက်စီးခံရသည်ဟု CDF – ဟားခါးက ထုတ်ပြန်သည်။

ဟားခါးမြို့နယ်ထဲမှာ အရပ်သားပြည်သူ ထောင်ကျော်သည်လည်း စစ်ကောင်စီ ၏ မတရား ဖမ်းဆီး နှိပ်စက်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

CDF – ဟားခါးသည် တိုင်းပြည်နှင့် လူမျိုးလွတ်မြောက်ရေးအတွက် တော်လှန်ရေး ပြီးဆုံးသည့်တိုင်အောင် ပြည်သူလူထု၊ အခြားတော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု တော်လှန်ရေး ၄ နှစ်ပြည့်တွင် ထုတ်ပြန်သည်။

ပြည်တွင်းပြည်ပ ပြည်သူအားလုံးအနေဖြင့် တော်လှန်ရေးတွင် ဆက်လက်ပူးပေါင်းပါဝင်ကြရန် CDF ဟားခါးက တိုက်တွန်းနှိုးဆော်ထားသည်။

CDF – ဟားခါးသည် စစ်ကောင်စီ ရုံးစိုက်ရာ ဟားခါးမြို့ကို သိမ်းနိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးဟူ၍ အမည်ပေးထားပြီး အဆင့် ၃ ဆင့် သတ်မှတ်ကာ စစ်ရေးဖော်ဆောင်နေသည်ဟု CDF – ဟားခါးဥက္ကဌက ၂၀၂၄ ခုနှစ်က ဖြေကြားထားသည်။

ဟားခါးမြို့နယ်၏ ၇၀ ရာခိုင်နှုန်းထက်မနည်းကို ချင်းတော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားပြီး ကျန်ရှိနေသေးသော ၃၀ ရာခိုင်နှုန်းဝန်းကျင်ကို အပြီးသတ်ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.