Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းဝင်ရောက်ယှဉ်ပြိုင်မှု ယခင်ရွေးကောက်ပွဲထက် နှစ်ဆခန့်များပြား


0
By Editor on August 20, 2020 Headline

#Unicode

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မှု ယခင်ရွေးကောက်ပွဲထက် နှစ်ဆခန့် များပြားလာကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

အဆိုပါ ခရိုင်ရှိ လွှတ်တော်မဲဆန္ဒနယ်များတွင် ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စား လှယ်လောင်း ၃၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မှု ယခင်ထက် နှစ်ဆနီးပါးတိုးလာခြင်းဖြစ်သည်။

ယင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁ ဦးတွင် အမျိူးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦးပါဝင်ကြောင်း ကလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယဉ်နွယ်နွယ်ကပြောသည်။

ကလေးခရိုင်တွင် ကလေးမြို့နယ်၊ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့ပါဝင်ပြီး ကလေးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ရှစ်ဦး၊ ကလေးဝမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ငါးဦး၊ မင်းကင်းမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ငါးဦး၊ကလေးခရိုင်အမျိူးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ခုနစ်ဦးနှင့် ကလေးမြို့နယ်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) နေရာအတွက် အရွေးခံမည့်လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦး၊ ကလေးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) အတွက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦး၊ ကလေးဝမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) နေရာအတွက် အရွေးခံမည့်လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦး၊ ကလေးဝမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အမှတ် (၂) နေရာအတွက် ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦး၊ မင်းကင်းမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) နေရာ အတွက် ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦးနှင့် မင်းကင်းမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမည့် ပုဂ္ဂိုလ်ငါးဦး စုစုပေါင်း ကလေးခရိုင်တွင် ဝင်ရောက်အရွေးခံမည့်လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁ ဦးဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ကလေးခရိုင်အတွင်း ၂၀၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီပေါင်း ၁၉ ပါတီရှိပြီး ကလေးမြို့နယ်တွင် ပါတီကိုးပါတီ၊ ကလေးဝမြို့နယ်တွင် ပါတီငါးပါတီနှင့် မင်းကင်းမြို့နယ်တွင် ပါတီငါးပါတီဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ချင်းလူမျိူးဦးရေ ၁၇၃၉၉၇ ဦးရှိပြီး ကလေးမြို့နယ်တွင် ၁၃၁၃၅၉ ဦး၊ တမူးမြို့နယ်တွင် ၃၅၇၉၃ ဦး၊ ဟုမ္မလင်းမြို့နယ်တွင် ၃၃၁၀ ဦး၊ လေရှီးမြို့နယ်တွင် ၁၃၅၀ ဦး၊ခန္တီးမြို့နယ်တွင် ၃၀၉ ဦးနှင့် အခြားမြို့နယ်များတွင်လည်း ရာဂဏန်းခန့် ရှိကြောင်း သိရသည်။

#Zawgyi



ယင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁ ဦးတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦးပါဝင်ကြောင်း ကလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယဉ်နွယ်နွယ်ကပြောသည်။

ကလေးခရိုင်တွင် ကလေးမြို့နယ်၊ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့ပါဝင်ပြီး ကလေးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ရှစ်ဦး၊ ကလေးဝမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ငါးဦး၊ မင်းကင်းမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ငါးဦး၊ကလေးခရိုင်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ခုနစ်ဦးနှင့် ကလေးမြို့နယ်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) နေရာအတွက် အရွေးခံမည့်လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦး၊ ကလေးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) အတွက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦး၊ ကလေးဝမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) နေရာအတွက် အရွေးခံမည့်လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦး၊ ကလေးဝမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အမှတ် (၂) နေရာအတွက် ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦး၊ မင်းကင်းမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) နေရာ အတွက် ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦးနှင့် မင်းကင်းမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမည့် ပုဂ္ဂိုလ်ငါးဦး စုစုပေါင်း ကလေးခရိုင်တွင် ဝင်ရောက်အရွေးခံမည့်လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၁ ဦးဖြစ်ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ချင်းလူမျိုးဦးရေ ၁၇၃၉၉၇ ဦးရှိပြီး ကလေးမြို့နယ်တွင် ၁၃၁၃၅၉ ဦး၊ တမူးမြို့နယ်တွင် ၃၅၇၉၃ ဦး၊ ဟုမ္မလင်းမြို့နယ်တွင် ၃၃၁၀ ဦး၊ လေရှီးမြို့နယ်တွင် ၁၃၅၀ ဦး၊ခန္တီးမြို့နယ်တွင် ၃၀၉ ဦးနှင့် အခြားမြို့နယ်များတွင်လည်း ရာဂဏန်းခန့် ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

ချင်း-မကွေးအစပ်တွင် ချင်းအပါအဝင် စစ်ဘေးရှောင် ၅၀၀ ခန့် ရာသီတုပ်ကွေး၊ အရေပြားနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.