Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းကျန်းမာရေးမှာ ပြန်လည်ထမ်းဆောင်မည့်သူများကို အိန္ဒိယတက္ကသိုလ်မှာ Nursing နှင့် Lab Science ပညာသင်ဆု ပေးမည်ဟု CHO ကြေညာ

ချင်းကျန်းမာရေးမှာ ပြန်လည်ထမ်းဆောင်မည့်သူများကို အိန္ဒိယတက္ကသိုလ်မှာ Nursing နှင့် Lab Science ပညာသင်ဆု ပေးမည်ဟု CHO ကြေညာ

0
By Editor on May 9, 2025 Khonumthung

(006SV)

ချင်းပြည်နယ်က ကျန်းမာရေးကဏ္ဏမှာ ပြန်လည်တာဝန်ထမ်းဆောင်မည့် ကျောင်းသူ၊ ကျောင်းသားတချို့ကို အိန္ဒိယနိုင်ငံက တက္ကသိုလ်တစ်ခုမှာ Nursing နှင့် Lab Science ဘာသာရပ် တက်ရောက်သင်ယူနိုင်ရေးအတွက် ပညာသင်ဆု ပေးသွားမည်ဟု ချင်းကျန်းမာရေးအဖွဲ့ – CHO က သတင်းထုတ်ပြန်သည်။

အနည်းဆုံး အသက် ၁၇ နှစ် ပြည့်ထားပြီး လက်ရှိမှာ အိန္ဒိယနိုင်ငံ၏ ၁၂ တန်း သို့မဟုတ် မြန်မာနိုင်ငံ၏ ၁၂ တန်း တို့ကို သိပ္ပံတွဲဖြင့် အောင်မြင်ထားသူများသည် အိန္ဒိယက တက္ကသိုလ်တစ်ခုမှာ တက်ရောက်ခွင့်ရနိုင်မည်ဟု CHO က မေလ ၈ ရက်မှာ ထုတ်ပြန်သည်။

“ကျောင်းပြီးတဲ့အခါမှာ ချင်းပြည်နယ်တွင် ပြန်လည်တာဝန်ထမ်း ဆောင်မည့်သူများဖြစ်ပါက ချင်းကျန်းမာရေး အဖွဲ့အစည်းကနေ Application process ကို ကူညီဆောင်ရွက်ပေးမှာ ဖြစ်တဲ့အပြင် ချင်းပြည်နယ်က ကျန်းမာရေးလုပ်သားအင်အား လိုအပ်ချက် ကြီးမားပြီး ခက်ခဲ ဝေးလံဒေသက ကျောင်းသား/သူများအတွက် စကောလာရှစ်များ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကျောင်း လျှောက်ပြီးနောက် ကျောင်းက acceptance letter ရပြီးနောက်မှ စကောလာရှစ်ကို ပေးမှာ ဖြစ်ပါတယ်” ဟု CHO အဖွဲ့က ဆိုသည်။

ပညာသင်ဆု (Scholarship) လျှောက်ထားမည့်သူများအနေဖြင့် ပညာသင်ဆုလျှောက်လွှာအဆင့်ဆင့်ကို ချင်းကျန်းမာရေးအဖွဲ့၏ ပညာသင်ဆုဘုတ်အဖွဲ့က သတ်မှတ်ထားသည့်အတိုင်း ဆက်လက်လျှောက်ထားရမည်ဖြစ်ကြောင်း၊ အသေးစိတ်ကို ပြန်လည် အကြောင်းကြားပေးသွားမည်ဟု သိရသည်။

သူနာပြု (Nursing) အတွက် အစီအစဉ် ၂ ခု ရှိပြီး General Nursing and Midwifery course (GNM) ကို internship အပါအဝင် ၃ နှစ်နှင့် Basic B.Sc. Nursing – ၄ နှစ်တို့ ဖြစ်သည်ဟု သိရသည်။

Laboratory Technician အတွက် တက်ရောက်နိုင်မည့် အစီအစဉ် ၁ ခု ရှိပြီး Bachelor of Medical Laboratory Sciences (BMLS) ဖြစ်ကာ internship အပါအဝင် ၄ နှစ် တက်ရမည်ဟု သိရသည်။

၂၀၂၅ ခုနှစ် စာသင်နှစ်အတွက် ကျောင်းသူ ကျောင်းသား ၅ ဦးကိုသာ လက်ခံသွားမည်ဖြစ်ပြီး လျှောက်လွှာ လင်ခ့်များကို CHO ၏ လူမှုကွန်ယက်စာမျက်နှာမှာ မေးမြန်းစုံစမ်းနိုင်သည်ဟု သိရသည်။

မြန်မာနိုင်ငံ အောင်လက်မှတ်ဖြင့် တက်ရောက်မည့် သူများအနေဖြင့် အိန္ဒိယကို တရားဝင် လာရောက်နိုင်ရေး လိုအပ်သော စာရွက်စာတမ်းနှင့် ပတ်စပို့စ်များ ရှိရမည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရအသိအမှတ်ပြု အထက်တန်းကျောင်း အောင်မြင်ထားသူများအနေဖြင့် လိုအပ်သော စာရွက်စာတမ်းများကို CHO ကို စုံစမ်းမေးမြန်းနိုင်သည်ဟု သိရသည်။

စိတ်ဝင်စားသူများအနေဖြင့် ကျောင်းအကြောင်းနှင့် ကျောင်းက အစီအစဉ် (Program) တက်နိုင်ရန် ပြည့်မီရမည့် သတ်မှတ်ချက်များအကြောင်းကို သိရှိလိုပါက CHO ၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် မေးမြန်းနိုင်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့မှသည် စစ်မိစ္ဆာများ၏ မတရားချုပ်နှောင်မှုမှ အမြန်ဆုံးလွတ်ပါစေဟု ချင်းပြည်အစိုးရအဖွဲ့ မွေးနေ့ဆုတောင်းပေးပို့

Kalay UG အဖွဲ့၏ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ကလေးမြို့မှာ အရာရှိ ၁ ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံး၊ စစ်သုံ့ပန် ၃ ဦး ဖမ်းမိ

ကလေးမြို့က စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကိုသူရိန်ဇင် ပြင်းထန်အဖျားရောဂါကြောင့် ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.