Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်နှင့် ချင်းလူမျိုးကိုယ်စား နိုင်ငံရေးဆိုင်ရာလုပ်ငန်းများကို ဦးစီးဆောင်ရွက်နိုင်ရန် ICNCC ဖွဲ့စည်း

ချင်းပြည်နယ်နှင့် ချင်းလူမျိုးကိုယ်စား နိုင်ငံရေးဆိုင်ရာလုပ်ငန်းများကို ဦးစီးဆောင်ရွက်နိုင်ရန် ICNCC ဖွဲ့စည်း

0
By Editor on April 15, 2021 Headline

Benezer – ချင်းပြည်နယ်နှင့် ချင်းလူမျိုးတွေရဲ့ နိုင်ငံရေးဆိုင်ရာလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ ချင်းအဖွဲ့စည်းများအကြား ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ခဲ့ကြပြီးနောက် ကြားကာလ ချင်းအမျိုးသားကောင်စီ (ICNCC) ကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၁၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ICNCCအား ချင်းအမျိုးသားတပ်ဦး (CNF) ၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRCH)၊ ပြည်သူလူထုအခြေခံတဲ့ CDM Supporting Team များ နှင့် နိုင်ငံရေးပါတီ စတဲ့အစုအဖွဲ့လေးဖွဲ့ကို အခြေခံပြီးဖွဲ့စည်းလိုက်တာဖြစ်ကြောင်း ICNCC မှ ကိုပါထန်းကပြောသည်။

ICNCC အနေနဲ့ အာဏာရှင်စနစ်ကို အဆုံးတိုင်ဆန့်ကျင်တော်လှန်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် ချင်းပြည်နယ်တည်ဆောက်ရေးနှင့် တန်းတူရေး အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ထို့ပြင် ICNCC အ​နေနဲ့ ပြည်ထောင်စုအမျိုးသားညီညွတ်​ရေးအစိုးရဖွဲ့စည်းရာတွင် ချင်းအမျိုးသားများကိုယ်စား ပူး​ပေါင်းပါဝင်သွားမည်ဖြစ်ကြောင်းနဲ့ ချင်းပြည်နယ်အတွင်း၊ အပြင်ရှိ ဒီမိုကရက်တစ်အင်အားစုများနဲ့ ပူး​ပေါင်းညှိနှိုင်းကာ ကြားကာလချင်းပြည်နယ်အုပ်ချုပ်​ရေးကိုလည်း ဖွဲ့စည်း​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.