Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်မှ CDM ပြုလုပ်ထားသော ဝန်ထမ်းအချို့ ခြိမ်းခြောက် ဖိအားပေးခံရမှုကြောင့် ရုံးပြန်တက်မှုရှိနေဟုဆို

ချင်းပြည်နယ်မှ CDM ပြုလုပ်ထားသော ဝန်ထမ်းအချို့ ခြိမ်းခြောက် ဖိအားပေးခံရမှုကြောင့် ရုံးပြန်တက်မှုရှိနေဟုဆို

0
By Editor on March 24, 2021 Headline
#Unicode
မာဂရက် – အာဏာသိမ်းစစ်ကောင်စီ၏ ဖိအားပေး၊ ခြိမ်းခြောက်မှုများကြောင့် ချင်းပြည်နယ် ဟားခါး နှင့် မင်းတပ်မြို့တို့တွင် Civil Disobedience Movement- CDM ပြုလုပ်ထားသော ဝန်ထမ်းအချို့ ရုံးပြန်တက်မှုရှိနေသည်ဟု သိရသည်။
“CDM တွင် အခိုင်အမာရပ်တည်တဲ့သူတွေကို မက်လုံးပေးပြီးစွယ်တာ၊ ဖိအားပေးတယ်ဆို တာကေ တာ့ ဖုန်းခေါ်ပြီးတော့ မက်လုံးပေးတာပိုပြီးတော့များတယ်၊ မဟုတ်လို့ရှိရင် အလုပ်ထုတ်ပယ်မယ်ဆို တဲ့ ကိစ္စမျိုးတွေရှိတယ်၊ တချို့က ရာထူးတိုးဖို့၊ ပြီးတော့ အခုပြန်လာလို့ရင် သူတို့ပြီးခဲ့တဲ့ CDM လု ပ်ထားတာတွေ အကုန်ပယ်ဖျက်ပေးလို့ရတယ်၊ အဓိကတော့ ထိပ်ပိုင်းတွေ ဆိုလို့ရင် ရာထူးတိုးပေး မယ်ဆိုတဲ့ မက်လုံးမျိုးပေါ့” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။
ဟားခါးမြို့နယ်တွင် CDM ဝင်ထားသည့် အစိုးရဝန်ထမ်းစုစုပေါင်း ၃၀၀၀ ကျော်ခန့်ရှိပြီး လက်ရှိအချိန်တွင် ပညာရေးဌာန နှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်း ၂၀ ဦးခန့်တို့မှာ အထက်အရာရှိများ၏ ဖိအားပေးခြိမ်းခြောက်ခံရမှုကြောင့် ရုံးပြန်တက် နေကြကြောင်းသိရသည်။
ယခုရုံးပြန်တက် နေသော ကျန်းမာရေးဌာနရှိ ဝန်ထမ်းတို့သည် CDM တွင်ပါဝင်မည်ဟု နာမည်စာရင်းပေးထားပေမယ့် ရုံးမှ ခေါ်လျှင်ရုံးပြန်တက်နေသော ဝန်ထမ်းတွေဖြစ်ကြပြီး အချိန်ပြည့် CDM တွင်ပါဝင်ကြသော ဝန်ထ မ်းများမဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ မင်းတပ်မြို့တွင်လည်း CDM ဝင်သည့် ဝန်ထမ်းများကို အာဏာသိမ်းစစ်ကောင်စီ ဖက်မှ CDM တွင်ပါဝင်ရသည့် ဖြေရှင်းချက်တောင်းခြင်း၊ စာတွေပေးပို့ခြင်းများပြုလုပ်သည်ဟု မင်းတပ်မြို့ ခံတစ်ဦးက ပြောသည်။
“ဖြေရှင်းချက်တောင်းတာ နဲ့ အလုပ်ထုတ်တာတို့ သတိပေးတဲ့စာတွေပို့တာတို့ပေါ့၊ အခုကတော့ ကျွန်တော်တို့ သိရသလောက်တော့ တောက်လျှောက်ဖိအားပေးတာတွေများတယ်၊ မရရအောင် ပြန်ဝင်ဖို့ ဖိအားပေးတာတို့ ကြားသိရတယ်။ သူတို့က ဘာကြောင့် CDM လုပ်ရဘာတယ်ဆိုပြီး ဖြေရှင်းချက်ပို့တာရှိတယ်၊ တချို့က CDM လုပ်ပြီးမှ ရုံးပြန်တက်သွား တဲ့သူတွေရှိတယ်လို့သိရတယ်၊” ဟု မင်းတပ်ဒေသခံကပြောသည်။
မင်းတပ်မြို့တွင် CDM ဝင်သည့် အစိုးရဝန်ထမ်းပေါင်း ၂၂၆၀ ကျော်ရှိပြီ ရုံးပြန်တက်သူ ၇ ဦးရှိသည်ဟုလည်း သိရသည်။
အစိုးရဝန်ထမ်းစုစုပေါင်း ၂ သောင်းကျော်ရှိသည့် ချင်းပြည်နယ်တွင် CDM ဝင်ထားသူ တစ်သောင်းလေးထောင်ကျော်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၂ % ကျော်ရှိသည်။
#Zawgyi
မာဂရက္ – အာဏာသိမ္းစစ္ေကာင္စီ၏ ဖိအားေပး၊ ျခိမ္းေျခာက္မႈမ်ားေၾကာင့္ ခ်င္းျပည္နယ္ ဟားခါး ႏွင့္ မင္းတပ္ျမဳိ႕တုိ႔တြင္ Civil Disobedience Movement- CDM ျပဳလုပ္ထားေသာ ဝန္ထမ္းအခ်ဳိ႕ ရုံးျပန္တက္မႈရွိေနသည္ဟု သိရသည္။
“CDM တြင္ အခုိင္အမာရပ္တည္တဲ့သူေတြကုိ မက္လုံးေပးျပီးစြယ္တာ၊ ဖိအားေပးတယ္ဆုိ တာကေ တာ့ ဖုန္းေခၚျပီးေတာ့ မက္လုံးေပးတာပုိျပီးေတာ့မ်ားတယ္၊ မဟုတ္လုိ႔ရွိရင္ အလုပ္ထုတ္ပယ္မယ္ဆုိ တဲ့ ကိစၥမ်ဳိးေတြရွိတယ္၊ တခ်ဳိ႕က ရာထူးတုိးဖုိ႔၊ ျပီးေတာ့ အခုျပန္လာလုိ႔ရင္ သူတုိ႔ျပီးခဲ့တဲ့ CDM လု ပ္ထားတာေတြ အကုန္ပယ္ဖ်က္ေပးလုိ႔ရတယ္၊ အဓိကေတာ့ ထိပ္ပုိင္းေတြ ဆုိလုိ႔ရင္ ရာထူးတုိးေပး မယ္ဆုိတဲ့ မက္လုံးမ်ဳိးေပါ့” ဟု ဟားခါးျမဳိ႕ခံတစ္ဦးက ေျပာသည္။
ဟားခါးျမဳိ႕နယ္တြင္ CDM ဝင္ထားသည့္ အစိုးရ၀န္ထမ္းစုစုေပါင္း ၃၀၀၀ ေက်ာ္ခန္႔ရွိၿပီး လက္ရွိအခ်ိန္တြင္ ပညာေရးဌာန ႏွင့္ က်န္းမာေရးဌာနမွ ဝန္ထမ္း ၂၀ ဦးခန္႔တို႔မွာ အထက္အရာရွိမ်ား၏ ဖိအားေပးၿခိမ္းေျခာက္ခံရမႈေၾကာင့္ ရုံးျပန္တက္ ေနၾကေၾကာင္းသိရသည္။
ယခုရုံးျပန္တက္ ေနေသာ က်န္းမာေရးဌာနရွိ ဝန္ထမ္းတုိ႔သည္ CDM တြင္ပါဝင္မည္ဟု နာမည္စာရင္းေပးထားေပမယ့္ ရုံးမွ ေခၚလွ်င္ရုံးျပန္တက္ေနေသာ ဝန္ထမ္းေတြျဖစ္ၾကျပီး အခ်ိန္ျပည့္ CDM တြင္ပါဝင္ၾကေသာ ဝန္ထ မ္းမ်ားမဟုတ္ေၾကာင္း ၎က ဆက္ေျပာသည္။
အလားတူ မင္းတပ္ျမဳိ႕တြင္လည္း CDM ၀င္သည့္ ဝန္ထမ္းမ်ားကုိ အာဏာသိမ္းစစ္ေကာင္စီ ဖက္မွ CDM တြင္ပါဝင္ရသည့္ ေျဖရွင္းခ်က္ေတာင္းျခင္း၊ စာေတြေပးပုိ႔ျခင္းမ်ားျပဳလုပ္သည္ဟု မင္းတပ္ျမဳိ႕ ခံတစ္ဦးက ေျပာသည္။
“ေျဖရွင္းခ်က္ေတာင္းတာ နဲ႔ အလုပ္ထုတ္တာတုိ႔ သတိေပးတဲ့စာေတြပို႔တာတုိ႔ေပါ့၊ အခုကေတာ့ ကြ်န္ေတာ္တုိ႔ သိရသေလာက္ေတာ့ ေတာက္ေလ်ွာက္ဖိအားေပးတာေတြမ်ားတယ္၊ မရရေအာင္ ျပန္ဝင္ဖုိ႔ ဖိအားေပးတာတုိ႔ ၾကားသိရတယ္။ သူတုိ႔က ဘာေၾကာင့္ CDM လုပ္ရဘာတယ္ဆုိျပီး ေျဖရွင္းခ်က္ပုိ႔တာရွိတယ္၊ တခ်ဳိ႕က CDM လုပ္ျပီးမွ ရုံးျပန္တက္သြား တဲ့သူေတြရွိတယ္လုိ႔သိရတယ္၊” ဟု မင္းတပ္ေဒသခံကေျပာသည္။
မင္းတပ္ျမဳိ႕တြင္ CDM ၀င္သည့္ အစိုးရဝန္ထမ္းေပါင္း ၂၂၆၀ ေက်ာ္ရွိျပီ ရုံးျပန္တက္သူ ၇ ဦးရွိသည္ဟုလည္း သိရသည္။
အစိုးရ၀န္ထမ္းစုစုေပါင္း ၂ ေသာင္းေက်ာ္ရွိသည့္ ခ်င္းျပည္နယ္တြင္ CDM ၀င္ထားသူ တစ္ေသာင္းေလးေထာင္ေက်ာ္ရွိၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၇၂ % ေက်ာ္ရွိသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.