Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းမှာ လူငယ် ၃ ဦးတွင် ၁ ဦးသည် မလုံခြုံမှုကို ခံစားနေရဟု UNDP ပြော

ချင်းမှာ လူငယ် ၃ ဦးတွင် ၁ ဦးသည် မလုံခြုံမှုကို ခံစားနေရဟု UNDP ပြော

0
By Editor on October 10, 2025 Khonumthung

(006SV)

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ၄ နှစ်ကျော်အကြာ ချင်းပြည်နယ်အတွင်းရှိ လူငယ် ၃ ဦးတွင် ၁ ဦးသည် မလုံခြုံမှုများကို အမြဲတမ်း သို့မဟုတ် မကြာခဏ ခံစားနေကြရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP – မြန်မာ) က ကြေညာသည်။

အောက်တိုဘာလ ၁၀ ရက်က ထုတ်ပြန်သော မြန်မာ့လူငယ်များ၏ ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံမှုနှင့် စိတ်ကျန်းမာရေးကို လေ့လာသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

မလုံခြုံမှုများသည် လူငယ်များ၏ နေ့စဉ်ဘဝအနှံအပြားသို့ စိမ့်ဝင်လာလျက်ရှိပြီး လူငယ် ၇ ဦးတွင် ၁ ဦးခန့်သည် ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ “အမြဲတမ်း” သို့မဟုတ် “မကြာခဏ” ခံစားနေရကာ ချင်းမှာ ၃၀ ရာခိုင်နှုန်း၊ ကယားမှာ ၂၅ ရာခိုင်နှုန်း ရခိုင်မှာ ၂၂ ရာခိုင်နှုန်း၊ ကချင်မှာ ၂၁ ရာခိုင်နှုန်းအဖြစ် ပဋိပက္ခဒေသများတွင် သိသာစွာ မြင့်မားနေ သည်ဟု UNDP ထံမှ သိရသည်။

UNDP ၏ လေ့လာတွေ့ရှိချက်အရ ချင်းပြည်နယ်တွင် လူငယ် ၃ ဦးတွင် ၁ ဦးသည် မိမိရပ်ရွာတွင် မလုံခြုံမှုကို ခံစားနေရခြင်း ဖြစ်သည်ဟု သိရသည်။

လူငယ် သုံးပုံတစ်ပုံ နီးပါးရှိသည့် လူငယ်ဦးရေ ငါးသန်းခန့်သည် စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဖိစီးမှုများကို အမြဲလိုလို သို့မဟုတ် မကြာခဏ ခံစားနေရကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ၃၄ ရခိုင်နှုန်းနှင့် မသန်စွမ်းလူငယ်များအကြား ၄၇ ရခိုင်နှုန်းထိ ရှိနေပြီး အလုပ်လုပ်မဲ့များကြားတွင် သိသိသာသာမြင့်မားနေသည်ဟု သိရသည်။

ဤအခြေအနေသည် မြန်မာ့လူငယ်များသည် မလုံခြုံမှုတစ်ခုတည်း သာမကဘဲ၊ မျိုးဆက်တစ်ခုလုံး ကြောက်ရွံ့မှု၊ မယုံကြည်မှုနှင့် စိတ်ဒဏ်ရာများကို ရင်ဆိုင်ဖြေရှင်းရန် ဖိအားပေးခံနေရခြင်းကဲ့သို့ဖြစ်သည်ဟု သိရသည်။

လူငယ်အမျိုးသားများနှင့် တိုင်းရင်းသားလူနည်းစုများကြားတွင် စစ်မှုထမ်းဥပဒေသည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို ဖြစ်စေသည့် အဓိက အကြောင်းအရင်းဖြစ်လာနေသည်ကို တွေ့ရှိရသည်ဟု UNDP – မြန်မာက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ထင်သလိုဖမ်းဆီးခြင်း၊ ညအချိန် ဝင်ရောက်စီးနင်းခြင်း၊ အတင်း အဓမ္မ စစ်သားစုဆောင်းခြင်းကဲ့သို့သော အခြင်းအရာများကို လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။

လူငယ် ၄၀ ရာခိုင်နှုန်းသည် ညဘက်တွင် တစ်ဦးတည်း လမ်းလျှောက်ပါက “မလုံခြုံဘူး” သို့မဟုတ် “လုံးဝမလုံခြုံဘူး” ဟု ဖြေဆိုကြပြီး ယင်းသည် စစ်တပ် အာဏာမသိမ်းမီက နှုန်းထားထက် နှစ်ဆကျော် ပိုများနေသည်ကို တွေ့ရှိရသည်ဟု သိရသည်။

ရန်ကုန်ကဲ့သို့သော မြို့ပြဒေသသည်ပင် ကယား(ကရင်နီ) ၊ ကချင်နှင့် ချင်းကဲ့သို့ ပဋိပက္ခဒေသများကဲ့သို့ လုံခြုံမှု မရှိသော နေရာဖြစ်နေသည်ဟု သိရသည်။

လူငယ် ၆၈ ရခိုင်နှုန်းကျော်သည် မြန်မာတွင် ငြိမ်းချမ်းရေး ရရှိနိုင်သေးသည်ဟု ယုံကြည်ချက် ခိုင်မာနေဆဲဖြစ်သည်ဟု UNDP ၏ လေ့လာချက်အရ သိရကြောင်း ထုတ်ပြန်သည်။

ဥပဒေစိုးမိုးရန် ခက်ခဲသော ဒေသများ၊ စစ်ကော်မရှင်တပ် လွှမ်းမိုးမှု မရှိသော ဒေသများ၊ စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ရောထွေးထိန်းချုပ်မှု ရှိနေသော ဒေသများတွင် ပြည်သူများသည် ပဋိပက္ခနှင့် ဆက်စပ်သော အကြမ်းဖက်မှုနှင့် ပိုမိုရင်ဆိုင်ရပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးအပေါ် စိုးရိမ်ပူပန်မှု အလွန်ပြင်းထန်လှသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.