Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီနှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် သင်းအုပ်ဆရာတစ်ဦးကို CDF-Hakha က ထိန်းသိမ်းထား

စစ်ကောင်စီနှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် သင်းအုပ်ဆရာတစ်ဦးကို CDF-Hakha က ထိန်းသိမ်းထား

0
By Editor on July 29, 2021 Headline

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆူရ်ခွားမြို့က ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် သင်းအုပ်ဆရာတစ်ဦးတို့ကို အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ CDF-Hakha တပ်ဖွဲ့က ထိန်းသိမ်းထားသည်ဟု သိရသည်။

“စစ်တပ်နဲ့ အဲဒီ Father (ကက်သလစ်ဘုန်းတော်ကြီး) က အဆက်အသွယ်ရှိတယ်၊ ခုထိပဲ၊ Father ကို စစ်တပ်ကခေါ်လို့ သွားနေတာကို သတင်းရတယ်၊ အဲဒါကြောင့် ကျနော်တို့က ရန်သူနဲ့ပတ်သက်ဆက်နွယ်မှုနဲ့ သူတို့ကို ဖမ်းဆီးပြီးတော့ မေးမြန်းတဲ့အခါမှာ သူ့ဘက်ကလည်း ဝန်ခံတယ်၊ လုံခြုံရေးအရ လောလောဆယ် ထိန်းသိမ်းထားတာဖြစ်ပါတယ်” ဟု CDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် သင်းအုပ်ဆရာတစ်ဦးတို့သည် ဇူလိုင် ၂၆ ရက်နေ့က ဆူရ်ခွါမြို့မှ ဟားခါးမြို့သို့ စစ်တပ်နှင့်တွေ့ဆုံရန် သွားရောက်စဉ် လမ်းခုလတ်တွင် CDF-Hakha တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆူရ်ခွါမြို့တွင် ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ရဲစခန်းကို CDF-Hakha တပ်ဖွဲ့မှဝင်သိမ်းပြီး မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာကာ မေလ ၃၁ နှင့် ဇွန်လ ၁ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး ဆူရ်ခွါမြို့အပါအဝင် ဟားခါး-မတူပီအကြား ကားလမ်းနဘေးရှိ ကျေးရွာ ၁၀ ရွာကျော်ခန့်က ဒေသခံပြည်သူများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ထို့ကဲ့သို့ ဒေသခံပြည်သူများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေစဉ် အဆိုပါ ကက်သလစ်ဘုန်းတော်ကြီးတို့သည့် မြို့မှာကျန်ရစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိသူဖြစ်သည်ဟု CDF အဖွဲ့ထံမှ သိရသည်။

ယခုအဖမ်းခံရသည့် ကက်သလစ်ဘုန်းတော်ကြီးနှင့် သင်းအုပ်ဆရာတို့သည့် စစ်ကောင်စီနှင့် အမှန်တကယ် အဆက်အသွယ်ရှိ/မရှိ၊ မည်ကဲ့သို့ ဆက်သွယ်မှုရှိသည်ကိုမူ ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးသန့်အတည်ပြုချက်တော့ မရှိသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.