Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“စစ်ကောင်စီရဲ့ မှိုင်းမိပြီးတော့ ငါးကြင်းဆီနဲ့ ငါးကြင်းကျော်၊ အိမ်ကြက်ချင်းခွပ်တာမျိုးကို ကျွန်တော်တို့က အများကြီး သတိထားရမယ်”

“စစ်ကောင်စီရဲ့ မှိုင်းမိပြီးတော့ ငါးကြင်းဆီနဲ့ ငါးကြင်းကျော်၊ အိမ်ကြက်ချင်းခွပ်တာမျိုးကို ကျွန်တော်တို့က အများကြီး သတိထားရမယ်”

0
By Editor on December 21, 2021 Featured

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက်

ချင်းပြည်နယ် တီးတိန်မြို့ကနေ မိုင် ၃၀ လောက်ဝေးတဲ့ ဂေါ်ဆင်းကျေးရွာအနီးမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဇိုမီး တော်လှန်ရေး တပ်မတော် ZRO/ZRA နဲ့ ချင်းအမျိုးသားတပ်ဦး CNF/CNA၊ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ ဒါဟာ ZRA နဲ့ CNF/CNA၊ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ပထမဆုံးကြိမ်ဖြစ်ပွားတဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။

ချင်းတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းအကြားမှာ ဘာကြောင့်တိုက်ပွဲတွေဖြစ်လာရတာပါလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဒီဇင်ဘာလ ၁၇ ရက်နေ့က တီးတိန်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေ ရှင်းပြစေချင်ပါတယ်။ ဘာကြောင့် တိုက်ပွဲဖြစ်ပွားရတာပါလဲ။

ဖြေ။ ။ ဒီဇင်ဘာ ၁၇ မှာ ကျနော်တို့ CNA နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF-Hualngo, Zoland PDF,ZNDF ပူးတွဲပြီးတော့မှ တဖက် ZRO နဲ့ ကျနော်တို့လှုပ်ရှားနယ်မြေအတွင်းမှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တာမှန်ပါတယ်၊ အဲဒီလိုတိုက်ပွဲ ဖြစ်ရတဲ့ အကြောင်းရင်းခံက ဟားခါးစစ်ဗျူဟာနဲ့ ZRA နဲ့ကြားမှာသော်လည်းကောင်း ပြီးတော့ တီးတိန်အခြေစိုက်တဲ့ စစ်ကောင်စီနဲ့ ZRA ကြားမှာသော်လည်းကောင်း၊ ထိတွေ့ဆက်ဆံမှုတွေရှိတယ် ကျနော်တို့ CNA နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကိုချေမှုန်းဖို့ဆိုတဲ့ CDM ဝင်လာတဲ့သတင်းထဲကကြားသိရပါတယ်၊ အဲဒါကြောင့် ဒီဇင်လာ ၁၇ မှာ သူတို့က ကျနော်တို့လှုပ်ရှားနယ်မြေကို ဝင်လာတယ်လို့ ကျနော်တို့ကမှတ်ချက်ပြုပါတယ် အဲဒါကြောင့် သူတို့နဲ့ကျနော်တို့ကြားမှာ တိုက်ပွဲတွေဖြစ်ခဲ့တာဖြစ်ပါတယ်။

မေး။ ။ အဲဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေကော်ရှိပါသလား။

ဖြေ။ ။ တို်က်ပွဲစဖြစ်တဲ့ပုံစံကတော့ သူတို့ဖက်ကနေစပစ်တဲ့ပုံစံဖြစ်ပြီးတော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို ခုခံပြီးတော့ ကိုယ့်လုံခြုံရေး၊ ကို်ယ့်နယ်မြေလုံခြုံရေးအတွက်ဆိုပြီးတော့ ပြန်ပစ်ပြီးတော့ တိုက်ပွဲဖြစ်ခဲ့တာပါ။ သူတို့ ZRO ဖက်ကတော့ ၅ ဦးကျတယ်။ ပြီးတော့ ကျွန်တော်တို့ဖက်ကတော့ အထိအခိုက်တော့မရှိဘူးပေါ့နော်။

မေး။ ။ ခုလို ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြားမှာ တိုက်ခိုက်မှုတွေရှိလာတာကြောင့် အကျိူးဆက်ဘာဖြစ် လာနိုင်လဲ။ နှစ်ဖက်ဆက်ဆံရေးအခြေအနေကဘယ်လိုရှိလာနိုင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ တဖက်ကဦးတည်ချက်၊ နိုင်ငံရေးခံယူချက်၊ ကျွန်တော်တို့ဖက်က နိုင်ငံရေးဦးတည်ချက်၊ ခံယူချက်အပေါ်မှာ မှုတည်နေပါ လိမ်မယ့်။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီတခါနွေဦးတော်လှန်ရေးမှာ၊ ပြည်သူ့တော်လှန်ရေးမှာ စစ်ကောင်စီကို ကျွန်တော်တို့က အမြစ်ပြတ်ချေမှုန်းပြီးတော့ ကျွန်တော်တို့လိုချင်တဲ့ ဖယ်ဒရယ်ဒီမို ကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတာဖြစ်တယ်။ ကျွန်တော်တို့ ဦးတည်ချက်နဲ့ ဖီလာဆန့်ကျင့်တဲ့ဒီအဖွဲ့စည်း၊ မည်သည့်အဖွဲ့စည်းကိုမဆိုကျွန်တော်တို့ကတော့ ပြန်ပြီးတော့ ဆန့်ကျင်သွားမှာပဲပေါ့။

မေး။ ။ Zomi Political Coordination Committee/ Zomi Revolutionary Army(Eastern Command) ရဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်တဲ့စာမှာ ဟိုင်မွှလ်ရွာက သင်းအုပ်ဆရာနဲ့ ဂေါ်ဆင်းရွာက ကလေးငယ်ကို CNA တပ်ဖွဲ့တွေက ပြန်ပေးဆွဲသွားတယ်လို့ဖော်ပြထားပါတယ်။ အဲဒီကိစ္စရှင်းပြစေချင်ပါတယ်။

ဖြေ။ ။ ZRA ဖက်က စွပ်စွဲတဲ့ ကျွန်တော်တို့ဖက်ကနေ ပါစတာတို့၊ ကလေး ငယ်တွေ ပြန်ပြေးဆွဲတယ်ဆိုတယ်ဆိုတာက မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ သူတို့အနေအထား ကိုသိချင်လို့ ဒီပါစတာတစ်ဦးနဲ့ လူငယ်ကိုတော့ ကျွန်တော်တို့ ခေါ်ပြီးတော့ စစ်ဆေးမေးမြန်းတာ တွေတော့ ရှိပါတယ်။ နောက်ပြီးတော့ စစ်ဆေးမေးမြန်းပြီးတော့မှ ကျွန်တော်တို့ သူတို့ကို ပြန်ပြီးမှ လွတ်ပေးပါတယ်။ ပြန်ပြေးဆွဲတယ်ဆိုတာက မဟုတ်ပါဘူး။

မေး။ ။ တခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ ချင်း အချင်းချင်းထဲမှာ အဲ့သလိုမျိုးဖြစ်နေတာကတော့ ဝမ်းနည်းတာပေါ့နော်။ ဒါပေမယ့် ဒီီကျွန်တော်တို့ ဦးတည်ချက်၊ ခံယူချက်နဲ့ မတူပဲနဲ့ ကျွန်တော်တို့ကို ချေးမှုန်းမယ့် သူတို့ဘက်က အစီအမံတွေရှိရင်တော့ ကျွန်တော်တို့က အတက်နိုင်ဆုံး ဖြိုခွင်းသွားမှာပေါ့နော်။ အဓိကကတော့ ဒီကျွန်တော်တို့ အိမ်ကြက်ချင်းခွပ်တာမျိုး ပြီးတော့ စစ်ကောင်စီရဲ့မှိုင်းမိပြီးတော့ ကျွန်တော်တို့ ငါးကြင်းဆီနဲ့ ငါးကြင်းကျော်တဲ့ပုံစံမျိုးကို ကျွန်တော်တို့က အများကြီး အလေးသတိထားရမှာဖြစ်ပါတယ်။ အဲ့တာကို ထပ်ပြီးတော့ အားလုံးကသတိထားကြဖို့ ကျွန်တော်ထပ်ဖြည့်ပြီးတော့ ပြောချင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.