Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီလက်အောက်တွင် မင်းတပ်ပြည်သူများအနေဖြင့် ကျောင်းအပ်နှံခြင်းမလုပ်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

စစ်ကောင်စီလက်အောက်တွင် မင်းတပ်ပြည်သူများအနေဖြင့် ကျောင်းအပ်နှံခြင်းမလုပ်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

0
By Editor on May 8, 2021 Headline

By လားနွန် – အာဏာသိမ်းစစ်ကောင်စီမှ အခြေခံပညာစာသင်ကျောင်းများပြန်လည် ဖွင့်လှစ်ရန်ကြိုးပမ်းမှုအပေါ် မင်းတပ်ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်ခြင်းမရှိရန်နှင့် ကျောင်းအပ်နှံခြင်းများမပြုလုပ်ကြရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက “အကြမ်းဖက်စစ်အာဏာရှင်ဖြစ်လို့ လက်မခံတာပါ၊ အကြမ်း ဖက်စစ်အာဏာရှင်ကိုအစိုးရနေရာမပေးချင်လို့လည်း ဖြစ်တယ်” ဟု ပြောသည်။

မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေဖြင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မပါဘဲ ကျောင်းအပ်နှံခြင်းမပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက သက်ဆိုင်သည့် ကျောင်း/ပုဂ္ဂိုလ်၏ လုံခြုံရေးအတွက် တာဝန်ယူမည်မဟုတ်ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်တို့မှ ပါရဂူဘွဲ့ကြိုတန်း၊ မဟာတန်းနှင့် နောက်ဆုံးနှစ်အတန်း၊ နည်းပညာ၊ အသက်မွေးပညာ၊ စက်မှုလက်မှုသိပ္ပံကျောင်းတို့မှ နောက်ဆုံးနှစ်အတန်း၊ အစိုးရနည်းပညာအထက်တန်းကျောင်းနောက်ဆုံးနှစ်အတန်းများကို မေလ ၅ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

အလားတူ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများကိုလည်း လာမည့် ဇွန်လတွင် ပြန်လည် ဖွင့်လှစ်တော့မည်ဟု ကြေညာထားသည်။

ယခုလက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးရှိ ကျောင်းဆရာ/ဆရာမ အများစုသည် CDM လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်ထားကြ သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.