Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့ပေါ်တွင် ရေရှားပါးမှုကြောင့် စစ်ဘေးရှောင်ပြည်သူများအခက်ကြုံ

တီးတိန်မြို့ပေါ်တွင် ရေရှားပါးမှုကြောင့် စစ်ဘေးရှောင်ပြည်သူများအခက်ကြုံ

0
By Editor on May 24, 2024 Headline

(002MG)

ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် ရေရှားပါးမှုကြောင့် တွန်းဇံမြို့မှ စစ်ဘေးရှောင်လာကြသော ပြည်သူများ သောက်သုံးရေအခက်အခဲနှင့်ကြုံနေကြရသည်ဟု သိရသည်။

ချင်းပြည်နယ်မြောက်ဘက်အစွန်ဆုံးတွင်တည်ရှိသော တွန်းဇံမြို့သိမ်းစစ်ဆင်ရေးကို ချင်းပြည်အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက မေလ ၁၅ ရက်နေ့က စတင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ တွန်းဇံမြို့ပေါ်နှင့် ကျေးလက်ဒေသက ဒေသခံပြည်သူများသည် တီးတိန်မြို့ပေါ် အပါအဝင် အခြားသောဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်တစ်ဦးက “အခုလောလော ဆယ်က တီးတိန်မြို့ပေါ်မှာ ရေတအား ရှားတယ်၊ အဓိကသုံးရေတော်တော်လေးကို လိုအပ်တယ်၊ရေဖြန့်ဝေမူက တစ်ရက်ခြားလာတဲ့အချိန်မှာ လည်း နာရီ ဝက်လောက်ပဲရတယ်၊ ပုံမှန်အခြေအနေဆိုရင် မိသားစုတခုက သုံးတာအဆင်ပြေပေမယ့် စစ်ဘေးရှောင်တွေတ အားများလာတဲ့အခါကျတော့ ဥပမာ- တအိမ်မှာအယောက် (၄၀) လောက်နေကျတဲ့ အခါကျတော့ မလောက်တော့ ဘူး၊ ရန်ပုံငွေလည်းမရှိတာတွေကြောင့်၊ သုံးရေ လုံလောက်ဖို့ဆိုရင် သုံးရေ ရောင်းတဲ့အရောင်းသမားတွေကို ငှါးပြီး သူတို့ စီကနေပဲ လီတာ (၂၀၀၀)ဆို ရင် သုံးသောင်းခွဲ အဲ့လိုပုံစံရောင်း တယ်၊ ရေအလှူရှင်တွေလည်း လိုအပ်တယ်” ဟုပြောသည်။

စစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီ၏ စာရင်းအရ လက်ရှိ တီးတိန်မြို့ပေါ်တွင် စစ်ဘေးရှောင် ပြည်သူ (၂၅၀၀) ခန့်ရှိပြီး ၎င်းတို့အတွက် စစ်ဘေးရှောင်စခန်း(IDPs Camp) များပြုလုပ်နိုင်ခြင်းမရှိဘဲ ဆွေမျိုး၊ အသိမိတ်ဆွေ အိမ်များတွင် နေထိုင်ကြရသလို တချို့မှာလည်း အိမ်ငှါးဖြင့်နေထိုင်ကြရသည်ဟုသိရသည်။

စစ်ဘေးရှောင်များထဲတွင် ကလေးသူငယ်၊သက်ကြီး ရွယ်အိုအများအပြားပါလာပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး (၁၀) ဦးထက်မနည်းရှိနေသောကြောင့် ဆေးဝါးနှင့် အသုံးဆောင်ပစ္စည်း၊ အဝတ်အထည်များလည်း လိုအပ်လျက်ရှိ သိရသည်။

“စား‌ရေးသောက်ရေးကတော်တော်လေးကို လိုအပ်ချက်ရှိလာမယ်၊ အခုချိန်မှာတော့ သူတို့ရောက်ခါစ (၃)ရက်ပဲရှိ သေးတယ်ဆိုတော့ အဆင်ပြေနေသေးပေမယ့် နောက်ပိုင်း လနဲ့ချီဖြစ်သွားပြီဆိုရင်တော့ သူတို့ အတွက် စားရေး သောက်ရေးအတွက် တော်တော်လေးကို ခက်ခဲကြုံလာနိုင်တယ်။စီမံခန့်ခွဲရေးကော်မတီကနေ အလှူခံနေတယ် အခုချိန်ထိတော့ မရသေးဘူး” စစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်က ပြောသည်။

ယခုလက်ရှိတွင် တွန်းဇံမြို့ နှင့် ကျီခါးမြို့တို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက အလုံးစုံသိမ်းပိုက်ထားပြီးဖြစ် သော်လည်း လေကြောင်းတိုက်ခိုက်မှုများရှိနိုင်သေးသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားသော မိုင်းအမြောက်အများလည်းရှိနေနိုင်ပြီး နယ်မြေရှင်းလင်းရေးသေချာမလုပ်ခင်ထိ စစ်ဘေးရှောင်များမှာ နေရပ်ပြန်ရန် ခက်ခဲနေဦးမည်ဟု ဆိုသည်။

တွန်းဇံမြို့သိမ်းစစ်ဆင်ရေးတွင် တွန်းဇံမြို့ပေါ်နှင့် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့်သည် အိုးအိမ်စွန့် ခွာ စစ်ဘေးရှောင်နေကြရသည်။

တီးတိန်မြို့ပေါ်တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသောကြောင့် စစ်ကောင်စီတပ်ကုန်း နှင့် အခြားတပ်စွဲရာနေရာအနီးတွင်နေထိုင်ကြသော ဒေသခံပြည်သူများသည် ပြောင်းရွှေ့နေထိုင်ကြသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်က ချင်းတောင်ပိုင်း ထိုးစစ်ဆင်မှုမှာ မြို့များကို လေကြာင်းဗုံးကြဲမှု ၁၀ ရက်အတွင်း ၂၅ ကြိမ် ပြုလုပ်

မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် တိမ်းရှောင်ခဲ့ကြသည့် တီးတိန်မြို့ခံ ပြည်သူများ နေရပ်ပြန်

မလေးရှားသို့သွားရာလမ်းခုလတ်တွင် ကွယ်လွန်ခဲ့သည့် Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး အချုပ်မှလွတ်မြောက်လာပြီးနောက် မြန်မာသို့ပြန်ပို့

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.