Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္ဝျမဳိ႕တြင္ ဝါးခုတ္သြားေသာ အမ်ဳိးသမီးတစ္ဦး ေျမျမဳပ္မုိင္းနင္းမိ

ပလက္ဝျမဳိ႕တြင္ ဝါးခုတ္သြားေသာ အမ်ဳိးသမီးတစ္ဦး ေျမျမဳပ္မုိင္းနင္းမိ

0
By Editor on January 13, 2021 Headline

#Unicode

နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် တောထဲသို့ ဝါးခုတ်ရန်သွားသည့် အမျိုးသမီးတစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ဘယ်ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပလက်ဝမြို့ နယ်၊ တိုက်ပွဲရှောင်နှင့်သဘာဝဘေးကူညီရေးအဖွဲ့မှ ဦးဇာနီ ကပြောသည်။

“သူ့အမျိုးသားက ၂၈၉ တပ်ဖက်ကပါ၊ မနေ့ကနေ့လယ် (၁း၃၀) ပတ်ဝန်းကျင်လောက်ကဖြစ်တာ၊ သူတို့က ဝါးခုတ်ဖို့ အသွားမှာမိုင်းနင်းတာ၊သူဖြစ်ဖက်တဲ့နေရာက ကုလာတန်းမြစ်အရှေ့ဖက်ခြမ်း ၂၈၉ တပ်ရင်း ဖက်ခြမ်းမှာဖြစ်တာ၊ ဘယ်ဖက်ခြေသလုံး ထိခိုက်သွားတယ်လို့ပြောတယ်၊ ခုလောလောဆယ် တပ်ဆေးရုံမှာကုပေးတယ် ဒီနေ့တော့ စစ်တွေဆေးရုံကို ပို့ဆောင်သွားမယ်လို့သိရတယ်” ဟု ဦးဇာနီကပြောသည်။

မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာရသွားသူမှာ ပလက်ဝမြို့ ခလရ အမှတ်(၂၈၉) တပ်ရင်းတွင်နေထိုင်သူ ကလေးငါးယောက်မိ ခင် ဒေါ်တိုးတိုးဝင်း (အသက် ၃၈နှစ်) ဖြစ်ပြီး ၎င်း၏အမျိုးသားဖြစ်သူမှာ အမှတ် ၂၈၉ တပ်ရင်းတွင် တပ်မတော်သား အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရသွားသူ ဒေါ်တိုးတိုးဝင်းအား လက်ရှိတွင် ပလက်ဝမြို့ရှိ အမှတ် ၂၈၉ တပ်ရင်းတွင် ဆေးကုသပေးလျက်ရှိပြီး စစ်တွေမြို့သို့ ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ကာ ဆေးကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပလက်ဝမြို့နယ်တွင် မြေမြုပ်မိုင်းကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရနေမှုအပေါ် ချင်းလူ့အခွင့်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်က “တိုက်ပွဲမှာ မြေမြုပ်မိုင်းတွေသုံးနေတာက နိုင်ငံတကာ စစ်ရာဇဝတ်မှု ရောက်တယ်၊ မသုံးသင့်တဲ့ဟာဖြစ်တယ်၊ ပြည်သူတွေသွားလာတဲ့နေရာမျိုးမှာ မြေမြုပ်မိုင်းမြုပ်တာကို အတတ်နိုင်ဆုံးရှောင်သင့်တယ်လို့ပြောချင်တယ်၊ နှစ်ဘက်တပ်အနေနဲ့ လိုက်နာရမယ့်ဟာလည်းဖြစ်တယ်၊ မြေမြုပ်မိုင်းဆိုတာက တိုက်ပွဲပြီးသွားရင်တောင် အန္တရာယ်ရှိတဲ့ဟာဖြစ်တဲ့အတွက် လုံးဝမသုံးသင့်ဘူး” ဟုပြောသည်။

မြန်မာ့တပ်မတော့နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ပလက်ဝမြို့နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်ထိ မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဉ် ၁၄ ခုရှိပြီး သေဆုံးသူ ၉ ဦး ထိခိုက်ဒဏ်ရာရသူ ၇ ဦးရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့၏ မှတ်တမ်းအရသိရသည်။

#Zawgyi

ႏွင္းႏွင္း – ခ်င္းျပည္နယ္ေတာင္ပုိင္း ပလက္၀ၿမိဳ႕တြင္ ေတာထဲသို႔ ဝါးခုတ္ရန္သြားသည့္ အမ်ဳိးသမီးတစ္ဦးသည္ ေျမျမဳပ္မုိင္းနင္းမိျပီး ဘယ္ေျခေထာက္ထိခုိက္ဒဏ္ရာရရွိခဲ့ေၾကာင္း ပလက္ဝျမဳိ႕ နယ္၊ တုိက္ပြဲေရွာင္ႏွင့္သဘာဝေဘးကူညီေရးအဖြဲ႔မွ ဦးဇာနီ ကေျပာသည္။

“သူ႔အမ်ဳိးသားက ၂၈၉ တပ္ဖက္ကပါ၊ မေန႔ကေန႔လယ္ (၁း၃၀) ပတ္ဝန္းက်င္ေလာက္ကျဖစ္တာ၊ သူတုိ႔က ဝါးခုတ္ဖုိ႔ အသြားမွာမုိင္းနင္းတာ၊သူျဖစ္ဖက္တဲ့ေနရာက ကုလာတန္းျမစ္အေရွ႕ဖက္ျခမ္း ၂၈၉ တပ္ရင္း ဖက္ျခမ္းမွာျဖစ္တာ၊ ဘယ္ဖက္ေျခသလုံး ထိခုိက္သြားတယ္လုိ႔ေျပာတယ္၊ ခုေလာေလာဆယ္ တပ္ေဆးရုံမွာကုေပးတယ္ ဒီေန႔ေတာ့ စစ္ေတြေဆးရုံကုိ ပုိ႔ေဆာင္သြားမယ္လုိ႔သိရတယ္” ဟု ဦးဇာနီကေျပာသည္။

ေျမျမဳပ္မိုင္းနင္းမိၿပီး ဒဏ္ရာရသြားသူမွာ ပလက္ဝျမဳိ႕ ခလရ အမွတ္(၂၈၉) တပ္ရင္းတြင္ေနထိုင္သူ ကေလးငါးေယာက္မိ ခင္ ေဒၚတိုးတိုးဝင္း (အသက္ ၃၈ႏွစ္) ျဖစ္ၿပီး ၎၏အမ်ဳိးသားျဖစ္သူမွာ အမွတ္ ၂၈၉ တပ္ရင္းတြင္ တပ္မေတာ္သား အျဖစ္တာဝန္ထမ္းေဆာင္ေနသူျဖစ္ေၾကာင္းသိရသည္။ 

ဒဏ္ရာရသြားသူ ေဒၚတိုးတိုးဝင္းအား လက္ရွိတြင္ ပလက္ဝျမဳိ႕ရွိ အမွတ္ ၂၈၉ တပ္ရင္းတြင္ ေဆးကုသေပးလ်က္ရွိၿပီး စစ္ေတြျမဳိ႕သို႔ ရဟတ္ယာဥ္ျဖင့္ပို႔ေဆာင္ကာ ေဆးကုသေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

ပလက္ဝျမဳိ႕နယ္တြင္ ေျမျမဳပ္မိုင္းေၾကာင့္ ျပည္သူမ်ား ေသဆံုးဒဏ္ရာရေနမႈအေပၚ ခ်င္းလူ႔အခြင့္ေရးအဖြဲ႕မွ တာ၀န္ရွိသူ တစ္ဦးျဖစ္သည့္ ဆလိုင္းဆန္ႏွင္းလ်န္က “တိုက္ပြဲမွာ ေျမျမဳပ္မိုင္းေတြသံုးေနတာက ႏိုင္ငံတကာ စစ္ရာဇဝတ္မႈ ေရာက္တယ္၊ မသံုးသင့္တဲ့ဟာျဖစ္တယ္၊ ျပည္သူေတြသြားလာတဲ့ေနရာမ်ဳိးမွာ ေျမျမဳပ္မိုင္းျမဳပ္တာကို အတတ္ႏိုင္ဆံုးေရွာင္သင့္တယ္လို႔ေျပာခ်င္တယ္၊ ႏွစ္ဘက္တပ္အေနနဲ႔ လိုက္နာရမယ့္ဟာလည္းျဖစ္တယ္၊ ေျမျမဳပ္မိုင္းဆိုတာက တိုက္ပြဲၿပီးသြားရင္ေတာင္ အႏၲရာယ္ရွိတဲ့ဟာျဖစ္တဲ့အတြက္ လံုး၀မသံုးသင့္ဘူး” ဟုေျပာသည္။

ျမန္မာ့တပ္မေတာ့ႏွင့္ ရကၡိဳင့္တပ္မေတာ္ (AA) တို႔ ပလက္၀ၿမိဳ႕နယ္တြင္ တိုက္ပြဲစတင္ျဖစ္ပြားသည့္ ၂၀၁၅ ခုႏွစ္မွ လက္ရွိအခ်ိန္ထိ ေျမျမဳပ္မိုင္းနင္းမိသည့္ျဖစ္စဥ္ ၁၄ ခုရွိၿပီး ေသဆံုးသူ ၉ ဦး ထိခိုက္ဒဏ္ရာရသူ ၇ ဦးရွိေၾကာင္း ခ်င္းလူ႔အခြင့္ေရးအဖြဲ႕၏ မွတ္တမ္းအရသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.