Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္ဝ စစ္ေဘးေရွာင္စခန္းတြင္ ကိုဗစ္ကာကြယ္ေရးအတြက္ ႏွာေခါင္းစီး(Mask) မ်ားလိုအပ္ေန

ပလက္ဝ စစ္ေဘးေရွာင္စခန္းတြင္ ကိုဗစ္ကာကြယ္ေရးအတြက္ ႏွာေခါင္းစီး(Mask) မ်ားလိုအပ္ေန

0
By Editor on September 25, 2020 Headline

#Unicode

By နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ စစ်ဘေးရှောင်စခန်း(IDPs Camp)တွင် နှာခေါင်းစီး (Mask) နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ လိုအပ်နေကြောင်း ပလက်ဝမြို့နယ် တိုက်ပွဲရှောင် နှင့် သဘာဝကူညီးရေး အဖွဲ့က ဦးဇာနီကပြောသည်။

“ တိုက်ပွဲရှောင်အတွက် စိုးရိမ်မှုတွေက ကျွန်တော်တို့ (Mask) ကလုံလောက်မှုမရှိဘူး ၊ Mask က တခါတလေ ကျွန်တော်တို့ ပေးနိုင်တာတွေသည် အလွန်ဆုံး (၂) ခုပဲပေးနိုင်တဲ့ အခါမှာ ဒါကိုအမြဲတမ်း တပ်နိုင်ဖို့ ဆိုတဲ့ဟာက မဖြစ်နိုင်ဘူး ။ ကျွန်တော်တို့ဆီမှာလည်း မရှိတော့ဘူး ၊ ခုပလက်ဝအတိုင်းအတာနဲ့ဆိုတော့လေ အဲ့ဒီအခက်အခဲ တွေရှိတယ်၊ တိုက်ပွဲရှောင်အတွက် စိုးရိမ်မှုတွေက ကျွန်တော်တို့ အဲ့ဒီရောဂါဖြစ်လာရင် အစုအဖွဲ့လိုက်ထားတဲ့အခါမှာ စိုးရိမ်တာပေါ့ ၊ IDP Camp တွေအတွက် ဆေးတွေပံ့ပိုးတာတွေ ကျွန်တော်မသိဘူးဗျ ၊မရှိသလောက်ဘဲ” ဟု ဦးဇာနီကပြောသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ် -၁၉ ရောဂါကူးစက်မှု မြင့်မားလာသည့်အတွက် ပလက်ဝ စစ်ဘေးရှောင်ပြည်သူများ အစုလိုက်နေထိုင်ရသည့်အပေါ် စိုးရိမ်မှုရှိနေကြသည့်အပြင် ဆေးဝါးနှင့် ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများ မရရှိသည့် အခက်အခဲများရင်ဆိုင်နေရကြောင်း ပလက်ဝမြို့နယ် တိုက်ပွဲရှောင် နှင့် သဘာဝကူ ညီးရေးအဖွဲ့ထံမှ သိရသည်။

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အဓိက ကူညီပေးနေသည့် ချင်းစစ်ဘေးရှောင် ပြည်သူများ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) က ပလက်ဝမြို့နယ်အတွက် အလှူခံရရှိထားသည့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ပေးပို့ရန် အဆင်သင့်ရှိနေသော်လည်း လမ်းပိတ်ဆို့မှုများကြောင့် ပေးပို့နိုင်ရန် အခက်အခဲရှိနေကြောင်း RRCCI ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေမှ ပြောသည်။

“ကျမတို့ရန်ကုန်ဘက်ကနေ သွားဖို့စီစဉ်ထားတာက တစ်ပတ်ကျော်သွားပြီ၊ ပစ္စည်းတွေလည်း အကုန်လုံးဝယ်ပြီးပြီ၊ ဒါပေမယ့်ရန်ကုန်ကနေထွက် မရဘူးဖြစ်နေတယ်၊ အဓိကတော့ ထွက်မယ့်ကားတွေမရှိတော့ဘူး ကိုယ်ပိုင်စင်းလုံးငှားရင်တောင် လိုက်မယ့်ကားတွေက မရှိဘူး၊ လောလောဆယ် အဲလိုအခက်အခဲကြုံနေတယ်၊ ဒီကနေတစ်ခြားမြို့ကိုထွက်ရင် ကွာရန်တင်းဝင်ရမယ့်ကိစ္စတွေလည်းရှိနေတော့ တိုင်ပတ်နေတယ်၊ ပစ္စည်းအနေနဲ့ကတော့ မတ်စ်တို့ HandGel တို့လှူထားတာအများကြီးရှိတယ်၊ အဓိကတော့ ပို့လို့မရတဲ့ ပြသနာဖြစ်နေတာပေါ့” ဟု မိုင်နန်းဝေက ပြောသည်။

ပလက်ဝမြို့နယ်သည် ရက္ခိုင့် တပ်တော် ( AA) နှင့် မြန်မာ့တပ််မတော် တို့ကြား တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး လက်ရှိပလက်ဝ မြို့ပေါ်ရှိ IDPs Camp တွင် စစ်ဘေးရှောင်ပြည်သူ( ၅၀၀၀) ခန့် နှင့် ပလက်ဝ တစ်မြို့နယ်လုံးတွင် တစ်သောင်းဝန်းကျင်ရှိနေပြီး အစုလိုက်အပြုံလိုက်နေရခြင်းကြောင့် ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပွါးမည်ကို စိုးရိမ်နေကြသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ ၃၂၂၉ ဦးအထိရှိပြီး ရောဂါသက်သာပျောက်ကင်းသူ ၇၉၀ ဉီး၊ ကုသမှုခံယူနေသူ ၂၄၇၇ ဦး၊ သေဆုံးသူ ၃၂ ဦးအထိ ရှိနေပြီဖြစ်ကြောင်းသိရသည်။

#Zawgyi

By ႏွင္းႏွင္း – ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕ စစ္ေဘးေရွာင္စခန္း(IDPs Camp)တြင္ ႏွာေခါင္းစီး (Mask) ႏွင့္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေရးပစၥည္းမ်ား လိုအပ္ေနေၾကာင္း ပလက္ဝၿမိဳ႕နယ္ တိုက္ပြဲေရွာင္ ႏွင့္ သဘာဝကူညီးေရး အဖြဲ႕က ဦးဇာနီကေျပာသည္။

“ တိုက္ပြဲေရွာင္အတြက္ စိုးရိမ္မႈေတြက ကၽြန္ေတာ္တို႔ (Mask) ကလုံေလာက္မႈမရွိဘူး ၊ Mask က တခါတေလ ကၽြန္ေတာ္တို႔ ေပးနိုင္တာေတြသည္ အလြန္ဆုံး (၂) ခုပဲေပးနိုင္တဲ့ အခါမွာ ဒါကိုအျမဲတမ္း တပ္နိုင္ဖို႔ ဆိုတဲ့ဟာက မျဖစ္နိုင္ဘူး ။ ကၽြန္ေတာ္တို႔ဆီမွာလည္း မရွိေတာ့ဘူး ၊ ခုပလက္ဝအတိုင္းအတာနဲ႔ဆိုေတာ့ေလ အဲ့ဒီအခက္အခဲ ေတြရွိတယ္၊ တိုက္ပြဲေရွာင္အတြက္ စိုးရိမ္မႈေတြက ကၽြန္ေတာ္တို႔ အဲ့ဒီေရာဂါျဖစ္လာရင္ အစုအဖြဲ႕လိုက္ထားတဲ့အခါမွာ စိုးရိမ္တာေပါ့ ၊ IDP Camp ေတြအတြက္ ေဆးေတြပံ့ပိုးတာေတြ ကၽြန္ေတာ္မသိဘူးဗ် ၊မရွိသေလာက္ဘဲ” ဟု ဦးဇာနီကေျပာသည္။

ျမန္မာနိုင္ငံအတြင္း ကိုဗစ္ -၁၉ ေရာဂါကူးစက္မႈ ျမင့္မားလာသည့္အတြက္ ပလက္ဝ စစ္ေဘးေရွာင္ျပည္သူမ်ား အစုလိုက္ေနထိုင္ရသည့္အေပၚ စိုးရိမ္မႈရွိေနၾကသည့္အျပင္ ေဆးဝါးႏွင့္ ကာကြယ္ေရးအသံုးအေဆာင္ပစၥည္းမ်ား မရရွိသည့္ အခက္အခဲမ်ားရင္ဆိုင္ေနရေၾကာင္း ပလက္ဝၿမိဳ႕နယ္ တိုက္ပြဲေရွာင္ ႏွင့္ သဘာဝကူ ညီးေရးအဖြဲ႔ထံမွ သိရသည္။

ပလက္ဝၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ အဓိက ကူညီေပးေနသည့္ ခ်င္းစစ္ေဘးေရွာင္ ျပည္သူမ်ား အေရးေပၚကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီ (RRCCI) က ပလက္ဝၿမိဳ႕နယ္အတြက္ အလႉခံရရွိထားသည့္ ကိုဗစ္ကာကြယ္ေရးပစၥည္းမ်ား ေပးပို႔ရန္ အဆင္သင့္ရွိေနေသာ္လည္း လမ္းပိတ္ဆို႔မႈမ်ားေၾကာင့္ ေပးပို႔နိုင္ရန္ အခက္အခဲရွိေနေၾကာင္း RRCCI ၏ ေျပာေရးဆိုခြင့္ရွိသူ မိုင္နန္းေဝမွ ေျပာသည္။

“က်မတို႔ရန္ကုန္ဘက္ကေန သြားဖို႔စီစဥ္ထားတာက တစ္ပတ္ေက်ာ္သြားၿပီ၊ ပစၥည္းေတြလည္း အကုန္လုံးဝယ္ၿပီးၿပီ၊ ဒါေပမယ့္ရန္ကုန္ကေနထြက္ မရဘူးျဖစ္ေနတယ္၊ အဓိကေတာ့ ထြက္မယ့္ကားေတြမရွိေတာ့ဘူး ကိုယ္ပိုင္စင္းလုံးငွားရင္ေတာင္ လိုက္မယ့္ကားေတြက မရွိဘူး၊ ေလာေလာဆယ္ အဲလိုအခက္အခဲၾကဳံေနတယ္၊ ဒီကေနတစ္ျခားၿမိဳ႕ကိုထြက္ရင္ ကြာရန္တင္းဝင္ရမယ့္ကိစၥေတြလည္းရွိေနေတာ့ တိုင္ပတ္ေနတယ္၊ ပစၥည္းအေနနဲ႔ကေတာ့ မတ္စ္တို႔ HandGel တို႔လႉထားတာအမ်ားႀကီးရွိတယ္၊ အဓိကေတာ့ ပို႔လို႔မရတဲ့ ျပသနာျဖစ္ေနတာေပါ့” ဟု မိုင္နန္းေဝက ေျပာသည္။

ပလက္ဝၿမိဳ႕နယ္သည္ ရကၡိဳင့္ တပ္ေတာ္ ( AA) ႏွင့္ ျမန္မာ့တပ္္မေတာ္ တို႔ၾကား တိုက္ပြဲျဖစ္ပြားရာေဒသျဖစ္ၿပီး လက္ရွိပလက္ဝ ၿမိဳ႕ေပၚရွိ IDPs Camp တြင္ စစ္ေဘးေရွာင္ျပည္သူ( ၅၀၀၀) ခန႔္ ႏွင့္ ပလက္၀ တစ္ၿမိဳ႕နယ္လုံးတြင္ တစ္ေသာင္းဝန္းက်င္ရွိေနၿပီး အစုလိုက္အၿပံဳလိုက္ေနရျခင္းေၾကာင့္ ကိုဗစ္ေရာဂါကူးစက္မႈျဖစ္ပြါးမည္ကို စိုးရိမ္ေနၾကသည္။

ျမန္မာနိုင္ငံတြင္ က်န္းမာေရးဝန္ႀကီးဌာနမွ စက္တင္ဘာလ ၁၅ ရက္ေန႔ မနက္ ၈ နာရီထုတ္ျပန္ခ်က္အရ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ခံထားရသူ ၃၂၂၉ ဦးအထိရွိၿပီး ေရာဂါသက္သာေပ်ာက္ကင္းသူ ၇၉၀ ဉီး၊ ကုသမႈခံယူေနသူ ၂၄၇၇ ဦး၊ ေသဆုံးသူ ၃၂ ဦးအထိ ရွိေနၿပီျဖစ္ေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.