Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့တွင် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ပွဲချင်းသေဆုံး

ပလက်ဝမြို့တွင် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ပွဲချင်းသေဆုံး

0
By Editor on September 25, 2020 Headline

#Unicode

By နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ (မြို့မ) ရပ်ကွက်တွင်နေထိုင်သော အသက် (၄၀) အရွယ် ဒေါ်မေနုသိန်းသည် တောထဲသို့ မျှစ်ချိူးသွားရာတွင် ယနေ့နံနက်ပိုင်း (၉) နာရီဝန်းကျင်ခန့်က မြေမြုပ်မိုင်းနင်းမိ၍ ပွဲချင်းပြီးသေဆုံးသွား သည်ဟု သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒေါ်မေနုသိန်းနှင့် သူူငယ်ချင်းအမျိူးသမီး ၂ ဦးတို့သည် ယနေ့နံနက်ပိုင်းက ကုလားတန်မြစ်အရှေ့ဖက်သို့ မျှစ်ချိူးသွားကြရာ မြေမြုပ်မိုုင်းနင်းမိ၍ ပေါက်ကွဲရာမှ ဒေါ်မေနုသိန်းသည် ပွဲချင်းသေဆုံးကာ ကျန် ၂ ဦးကို ပလက်ဝမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး စိုးရိမ်စရာမရှိကြောင်း ပလက်ဝမြို့နယ် တိုက်ပွဲရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့မှ ဦးဇာနီကပြောသည်။

“ကုလားတန်မြစ်ရဲ့အရှေ့ဖက်ခြမ်း ပလက်ဝနဲ့က ၄၊၅ ဖာလုံ လောက်ပဲဝေးတယ်၊ ပလက်ဝမြို့မရပ်ကွက်ထဲကပဲ ရခိုင်အမျိုးသမီးတွေပါ ၊ တယောက်က ပွဲချင်းသေတာ ၊တယောက်က ဘာမှမဖြစ်ဘူး ၊ နောက်တယောက်က သတိလစ်ပြီးတော့ ဆေးရုံမှာ ခုတော့သတိရလာပြီ ကောင်းမှာ ဒဏ်ရာတွေလည်းမရှိ ဘူး ” ဟု ဦးဇာနီကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အနေဖြင့် ပြည်သူနှင့်နီးစပ်သည့်ဒေသတွင် မြေမြုပ်မိုင်းမထောင်သင့်ကြောင်းနှင့် လူထုအတွက် အန္တရာယ်များသော မြေမြုပ်မိုင်းအသုံးပြုမှုကို ရပ်တန့်သင့်ပြီဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ Field Director Salai Tera ကပြောသည်။

“ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ၊ဘယ်သူ့လက်ချက်ဆိုတာ ကျွန်တော် မပြောလိုဘူး ၊ သက်ဆိုင်ရာတွေကတော့ ဖြစ်နိုင်ရင် ပြည်သူတွေနဲ့ဝေးဝေးရှိတဲ့နေရာမှာ မြေမြုပ်မိုင်းကိုထောင်ပေးစေချင်တယ်၊ ပြည်သူနဲ့ နီးတဲ့နေရာမှာ မြေမြုပ်မိုင်းတွေ အသုံးပြုတာတွေတော့ မဖြစ်သင့်ဘူး၊ မြေမြုပ်မိုင်းအသုံးပြုမှုကို ရပ်တန့်သင့်ပြီ ” ဟု Salai Tera ကပြောသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့် တပ်တော် (AA ) တို့စစ်ရေးဖြစ်ပွား သည့် မြို့နယ်တခုဖြစ်ပြီး မြေမြုပ်မိုုင်းကြောင့် အရပ်သားသေဆုံးမှုမကြာခဏဖြစ်လေ့ ရှိသည် ။ ယခုမြေမြုပ််မိုင်းသည် မည်သည့်တပ်ဖွဲ့မှ ထောင်းထားသည့် မိုင်းဖြစ်မည်ကိုမူ မသိရပေ။

#Zawgyi

By နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ (မြို့မ) ရပ်ကွက်တွင်နေထိုင်သော အသက် (၄၀) အရွယ် ဒေါ်မေနုသိန်းသည် တောထဲသို့ မျှစ်ချိုးသွားရာတွင် ယနေ့နံနက်ပိုင်း (၉) နာရီဝန်းကျင်ခန့်က မြေမြုပ်မိုင်းနင်းမိ၍ ပွဲချင်းပြီးသေဆုံးသွား သည်ဟု သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒေါ်မေနုသိန်းနှင့် သူငယ်ချင်းအမျိုးသမီး ၂ ဦးတို့သည် ယနေ့နံနက်ပိုင်းက ကုလားတန်မြစ်အရှေ့ဖက်သို့ မျှစ်ချိုးသွားကြရာ မြေမြုပ်မိုင်းနင်းမိ၍ ပေါက်ကွဲရာမှ ဒေါ်မေနုသိန်းသည် ပွဲချင်းသေဆုံးကာ ကျန် ၂ ဦးကို ပလက်ဝမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး စိုးရိမ်စရာမရှိကြောင်း ပလက်ဝမြို့နယ် တိုက်ပွဲရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့မှ ဦးဇာနီကပြောသည်။




ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့် တပ်တော် (AA ) တို့စစ်ရေးဖြစ်ပွား သည့် မြို့နယ်တခုဖြစ်ပြီး မြေမြုပ်မိုင်းကြောင့် အရပ်သားသေဆုံးမှုမကြာခဏဖြစ်လေ့ ရှိသည် ။ ယခုမြေမြုပ်မိုင်းသည် မည်သည့်တပ်ဖွဲ့မှ ထောင်းထားသည့် မိုင်းဖြစ်မည်ကိုမူ မသိရပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.