Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုးဝင်လာသော အမျိုးသမီး (၈) ဦး မီဇိုရမ်တွင်ဖမ်းမိ

ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုးဝင်လာသော အမျိုးသမီး (၈) ဦး မီဇိုရမ်တွင်ဖမ်းမိ

0
By Editor on May 1, 2019 Khonumthung

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်သို့ အထောက်အထားတခုမှမပါပဲ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုးဝင်လာသည့် မူစလင်အမျိုးသမီး (၈) ဦးကို မီဇိုရမ်ပြည်နယ် Vairengte ရဲစစ်ဆေးရေးဂိတ်တွင် ဧပြီလ ၂၅ ရက်နေ့က ဖမ်းမိသည်ဟု သိရသည်။

အဆိုပါအမျိုးသမီး (၈) ဦးတို့သည် ဘင်္ဂလားဒေရှ့်နိုင်ငံ Sabulara ဒေသ Kutupalong ဒုက္ခသည်စခန်းတွင်နေထိုင်သည့် ရိုဟင်​ဂျာ မူစလင်​ အမျိုးသမီး ​​များဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့က ဈေးဝယ်ထွက်စဉ် အမည်မသိသူများက ခေါ်ဆောင်ကာ အိန္ဒိယနိုင်ငံ အာသံပြည်နယ် Silchar မြို့သို့ ပို့ဆောင်ခဲ့ကြသည်ဟု ထွက်ဆိုခဲ့ကြောင်း မီဇိုရမ်သတင်းစာတွင်ဖော်ပြထားသည်။

ထို့နောက် Silchar မြို့မှ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့သို့ Somu လိုင်းကားဖြင့် တဆင့်ပြန်လည်ပို့ဆောင်သည့်အချိန် နယ်စပ်မြို့ Vairengte ရဲစစ်ဆေးဂိတ်တွင်အဖမ်းခံရခြင်းဖြစ်သည်ဟု သတင်းစာကဆိုသည်။

၎င်းတို့ကို တင်ဆောင်လာသော Sumo ကားသမား၏ထွက်ဆိုချက်အရ လူတစ်ဦးမှ အဆိုပါအမျိုးသမီး (၈) ဦးကို အိုင်ဇောလ်မြို့အထိ ပို့ဆောင်ရန် ကားဂိတ်သို့လာထားကြောင်း၊ အိုင်ဇောလ်မြို့အထွက်ဘက် Zemabawk ရပ်ကွက် ဓာတ်ဆီဆိုင်တွင် လာရောက်ခေါ်ယူကြမည်ဟု ပြောဆိုသည်ဟု သိရသည်။ ၎င်းတို့သည် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှတဆင့် ချင်းပြည်နယ်ကိုဖြတ်သန်းပြီး မြန်မာပြည်မဘက်ကို သွားရောက်မည်ဟု ယူဆကြသည်။

အဆိုပါအမျိုးသမီး (၈) ဦးသည် အသက် (၁၈) နှစ်မှ (၂၂) အကြားရှိကြပြီး မီဇိုရမ်တရားရုံးက ဒဏ်ငွေ ရူပီး (၅၀) စီပေးဆောင်ခိုင်းပြီး ယနေ့တွင် အာသံပြည်နယ် Bagha ကျေးရွာရှိ မူစလင်ခေါင်းဆောင်များထံ ပြန်လည်အပ်နှံကြမည်ဟု သိရသည်။ (Photo – Kolasib Aw)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားသွားရာလမ်း၌ ကွယ်လွန်ခဲ့သူ Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး ကလေးမြို့သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

ချင်းပြည်နယ်တွင် စစ်အစိုးရလက်အောက်ခံအခြေခံကျောင်းများဖွင့်လှစ်၊ ကျောင်းတက်ရောက်သူ လူဦးရေ နှစ်သောင်းကျော်ရှိဟု ဆို

မင်းတပ်နှင့် ကန်ပက်လက်ကို စစ်တပ်က အင်အား ၂၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေဟု CPU ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.