Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့တွင် ယမန်နေ့ညက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဖက်မှ ဒဏ်ရာရသူအချို့ရှိကာ ပြည်သူ၃ဦး အဖမ်းခံရ

မင်းတပ်မြို့တွင် ယမန်နေ့ညက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဖက်မှ ဒဏ်ရာရသူအချို့ရှိကာ ပြည်သူ၃ဦး အဖမ်းခံရ

0
By Editor on April 26, 2021 Headline
Benezer – ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီ ၂၄ ရက် ယမန်နေ့ည ၉ နာရီဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သားအချို့ဒဏ်ရာရကာ ပြည်သူ ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။
“မနေ့က အပြန်အလှန်ပစ်ကြခတ်ကြတယ်၊ စစ်သားတွေဒဏ်ရာရလို့ ဆေးရုံတက်ရတယ်၊ စစ်အာဏာသိမ်းမှုကို မကြိုက်တဲ့ပြည်သူတွေနဲ့ ပစ်တာပါ၊ ပြည်သူ ၃ ဦး အဖမ်းခံရတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးမှ ပြောသည်။
မင်းတပ်မြို့ ယမန်နေ့ည ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသကြောင်းကိုသာသိရပြီး နောက်ဆက်တွဲ မသိရှိရတော့ဘဲ ယနေ့တွင် အခြေအနေငြိမ်သက်လျက်ရှိကြောင်း သိရသည်။
မင်းတပ်မြို့တွင် ယမန်နေ့ နေ့လည်ပိုင်းတွင်လည်း အမျိုးသားညီညွတ်ရေး အစိုးရအား ထောက်ခံကြောင်း စာရွက်သပိတ်လုပ်ရန် စာကပ်နေသည့် အမျိုးသမီး ၄ ဦး နှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၇ ဦး အဖမ်းခံခဲ့ရကြောင်းသိရသည်။
ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း ဧပြီလ ၂၃ရက် ညပိုင်းတွင် ဝန်ကြီးအိမ်ယာတွင် လုံခြုံရေးယူသည့် စစ်ကောင်စီ တပ်သားအချင်းချင်းပစ်ခတ်ရာမှ အနည်းဆုံး ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

CNO/ CNDF ခေါင်းဆောင်တချို့နှင့် NSPNC ကိုယ်စားလှယ်များ တွေ့ဆုံမှု တရားဝင်မှု၊ ကိုယ်စားပြုမှု မရှိဟု CNO ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.